တာမွေ၊ မေ ၂၆
“နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်စေဖို့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအား အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေး နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူလေးများက “ ကျောင်းအပ်နှံရေးသီတင်းပတ် ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ပြီး တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၆ - ၂၀၂၇ ပညာ သင်နှစ်အတွက် ကျောင်းသား/သူများအား နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ နှင့် ကျောင်းဝတ်စုံများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား/သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်း ခဲ့ကြပြီး တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်သော သန့်ရှင်းရေးသုံးပစ္စည်းများအား တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့သည်။ ထို့နောက် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း ” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူ များ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
#MNP #News








No comments:
Post a Comment