သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်




သထုံ၊ မေ ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံကိန်းအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ယနေ့၊ နံနက်က ကတိုက်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်ကျော်လတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများ ပေးအပ်ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့ကို အသိပညာ‌ပေးရှင်းလင်းကြသည်။ အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက သဘာဝမြေဩဇာများကို လွယ်ကူစွာထုတ်လုပ်နိုင်မည့် နည်းပညာတို့ကို မေ ၁၃ ရက်မှ ၁၅ ရက်အထိ စာတွေ့၊ လက်တွေ့သင်ကြးပို့ချမည်ဖြစ်ပြီး တောင်သူ (၂၀) တက်ရောက်ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)