ကျိုက်ထို၊ မေ ၁၃
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်နာင်မှ လျှပ်စစ်ဓာတ်အားပေးခွဲရုံအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေ များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ရာပြည်နယ် ဝန်ကြီး ဦးဇေယျာဦးက လိုအပ်သည်များကိုမှာကြားခဲ့သည်။
ယင်းနောက် တောင်သူစုရပ်ကွက် မြန်မာ့မီးရထားကျိုက်ထိုဘူတာဝင်းသို့ ရောက်ရှိခဲ့ပြီး ဦးအေးသိန်း အမှတ်(၈)တိုင်း(တိုင်းတာဝန်ခံ)မြန်မာ့မီးရထားနှင့် ကျိုက်ထိုဘူတာမှတာဝန်ရှိသူများအား ကျိုက်ထိုဘူတာဧည့်ခန်းမတွင် တွေ့ဆုံခဲ့ရာ ဘူတာအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ လက်ရှိဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးဦးဇေယျာဦးမှ မြန်မာမီးရထားလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး၊ မီးရထားစီးခရီးသွားပြည်သူများ၊ မီးရထားဖြင့် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အဆင် ပြေစွာ သွားလာနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ပြီး မော်လမြိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
ပြည့်ဖြိုး
#MNP #News





No comments:
Post a Comment