ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ ဟောပြောပွဲ၊ မူလတန်းပြ ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆုချီးမြှင့်ပွဲတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ ဟောပြောပွဲ၊ မူလတန်းပြ ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆုချီးမြှင့်ပွဲတက်ရောက်


စစ်တွေ   ၊    မေ   ၂၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ဖြူ မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ ကျောင်းများအတွက် စာသင်နှစ်တစ်နှစ်လျင် ကျောင်းတစ်ကျောင်းအတွက် စိုက်ပျိုးရေးကျောင်းသား၊ ကျောင်းသူ (၃၀)ဦးနှင့် မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တို့ကို လက်ခံသင်ကြားပေး လျက်ရှိကြောင်း၊ KG+9 အောင်မြင်ပြီးသူများ တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းကာလ(၃)နှစ် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဘာသာရပ်ဖြင့် ထူချွန်းစွာ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆင့်မီအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ (၃)နှစ် သင်တန်း(သို့မဟုတ်) စက်မှုလက်မှုသိပ္ပံ( စိုက်ပျိုးရေးအင်ဂျင်နီယာ) (၃)နှစ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဒီပလိုမာသင်တန်းများတွင် ထူးချွန်စွာအောင်မြင်သူများကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်(သို့မဟုတ်) နည်းပညာတက္ကသိုလ်များသို့ တက်ရောက်နိုင်သည့်အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ပညာသင်ထောက်ပံ့ကြေးများကိုလည်း လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် KG+9 အောင်မြင်ပြီးသူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် တက်ရောက်ပြီး ပညာဆက်လက်သင်ကြားခြင်းအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်များကို တက်ရောက်နိုင်ရန် အခွင့်အလမ်းများ ရရှိနိုင်သည့်အတွက် ၂၀၂၆-၂၀၂၇ခုနှစ်တွင် ဖွင့်လှစ်မည့် ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်တွေမြို့နယ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ် စာ အရည်အသွေးမြှင့် (Main Course) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာကျောင်းများတွင် ယခင်ထက် ပိုမိုထက်မြက်အောင် လေ့လာကျင့်ကြံပြီး  ဘက်စုံပညာ ထူးချွန်းသော ဗလငါးတန်နှင့် ပြည့်စုံကြသည့် နိုင်ငံလူမျိုးအတွက် အားကိုးအားထားပြုစေနိုင်သော မျိုးဆက်သစ် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသော ကလေးငယ်များ စာသင်ခန်းသို့ရောက်ရှိကာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ၏ ပညာရေးမြင့်မားရေးအတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌  ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲသို့ တက်ရောက် သည်။

အခမ်းအနားတွင် ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်ပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အရိယဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည် ကြသည်။ ယင်းနောက်  ရွှေစေတီကျောင်းတိုက် ပဓာနနာယကဆရာတော်က ဩဝါဒကထာ ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းတွင် ဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများကို ဂုဏ်ပြုချီးမြှင့်ငွေ၊ အောင်လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်ပဓာန နာယကဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း  သိရသည်။

တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)