မြန်အောင် ၊ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားအနီး ကမ်းပြိုကမ်းစားကာကွယ်ရေးအတွက် ယမန်နေ့နံနက်က လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတား ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် တံတားအနီး မမြဖောက်ချောင်း ကမ်းပြိုကမ်းစားဖြစ်ပေါ်သည့်နေရာအား ယခုနှစ်မိုးရာသီမတိုင်မီ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေတို့မှ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ကျေးရွာ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် ကမ်းပြိုကမ်းစားကာကွယ်ရေး မိုးရာသီမတိုင်မီ အချိန်မီဆောင် ရွက်သွားရန် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်
https://t.me/MyanmarNationalPost
No comments:
Post a Comment