ညောင်ရွှေ ၊ မေ ၁၄
ညောင်ရွှေမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲမြင့်စိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီးက အမှာစကားပြောကြားရာ၌ ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားရေးမျှော်မှန်းချက်(၂)ရပ်နှင့်အညီ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံတော်ဦးတည်ချက်(၄)ရပ်၊ စီးပွားရေးမူဝါဒများနှင့်အညီ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အမှန်တကယ်အကောင်အ ထည်ဖော်နိုင်ပြီး လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများဖြစ်သဖြင့် ထူးခြားလေးနက်သည့် လုပ်ငန်းစဉ်အဖြစ် ခံယူဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ စီမံကိန်းမှရရှိလာမည့် အကျိုးအ မြတ်များကို ပြည်သူပြည်သားများအားလုံး ရရှိခံစားနိုင်ရေး ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်၊ ပြည်သူနှင့် ဒေသကိုအကျိုးပြုမည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းတာဝန်များကို သက်ဆိုင်ရာဌာနဆိုင်ရာများသို့ အသီးသီးပေးအပ်သည်။
၎င်းနောက် မြို့နယ်ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဇင်မာတင့်ထွန်းက ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရက ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ
https://t.me/MyanmarNationalPost
No comments:
Post a Comment