ချမ်းအေးသာစံ မေ ၁၄
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်းဆင့်(စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကာ သင်တန်းသား၊ သင်တန်းသူများ သင်တန်းတက်ရောက်နေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။
အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်းကို မေလ ၁၄ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ကာ အဆိုပါသင်တန်းကို သင်တန်းနည်းပြ ၂၅ ဦးက သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၁၀ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
https://t.me/MyanmarNationalPost
No comments:
Post a Comment