မြောက်ဥက္ကလာပ၊ မေ ၁၂
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမ အသင်း အမှု ဆောင်များ နှင့် အသင်း၀န်ထမ်းများအား စာရင်း ရေးသွင်းနည်း နှင့် စာရင်းသ ဘော တရားများ နားလည် စေရန် နှင့် စွမ်း ဆောင်ရည်မြှင့်မားလာ စေရန် ရည်ရွယ်၍ အခြေခံစာရင်းရေး ၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစု လီမိတတ်ရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း အောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်းတို့က အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် အေးအေးနိုင်က ရက် ၁၀၀ စီမံချက်ဖြင့် သမဝါ ယမ အသင်း အမှုဆောင်များ နှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး ၊ စာရင်းကိုင်သင်တန်း(Book keeping)သင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမ အသင်း အမှုဆောင်များ နှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး ၊ စာရင်းကိုင်သင်တန်းကို မြို့နယ်အတွင်းရှိ အသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများ စုစုပေါင်း ၆၈ ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မေ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချ ပေးမည်ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News




No comments:
Post a Comment