မင်္ဂလာဒုံ ၊ မေ ၁၁
မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Hep b BD ထိုးနှံမှုနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်းများကို ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရက် ၁၀၀ စီမံချက်အရ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဝင်းမာမှ ဦးဆောင်၍ Hep b BD ထိုးနှံမှုနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ မိခင်နှင့်ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်း ပြုလုပ်ခဲ့ကြပြီး မင်္ဂလာဒုံခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဥ်ယဥ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးမြမြသိန်းနှင့်အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မိခင်များအား ကြက်ဥကတ်များ ထောက်ပံ့ပေးခဲ့ပြီး မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ထိ Hep b BD ထိုးနှံသူပေါင်း (၁၂၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment