သဲကုန်းမြို့နယ်၌ (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်၌ (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ

 


သဲကုန်း ၊  မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၂၀၂၆ – ၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက (၂၀၂၆ -၂၀၂၇) ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ မိမိမြို့နယ်၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုစီးပွားရေးကဏ္ဍအလိုက်၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံကိန်းလုပ်ငန်းများအား အချိန်ကာလတစ်ခုအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ကြရန်၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှုစီမံကိန်းအား သက်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မှီအောင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဝင်များအနေဖြင့် ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် စီမံကိန်းအလိုက်၊ ကဏ္ဍအလိုက်လုပ်ဆောင်ရမည့် ရည်မှန်းချက်တာဝန်များအား အသေးစိတ်တင်ပြရန် ရှင်းလင်းပြောကြာခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသိန်းဇော်က (၂၀၂၆ -၂၀၂၇) ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၏ ကဏ္ဍာများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးမှ (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းများဖြစ်သည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအား တာဝန်ပေးအပ်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)