နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၊ နည်းပညာသစ်ကိရိယာများဖြင့် မြေဆီလွှာပြုပြင် ထွန်ယက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၊ နည်းပညာသစ်ကိရိယာများဖြင့် မြေဆီလွှာပြုပြင် ထွန်ယက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက်


နေပြည်တော်  ၊ မေ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကိုသွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ကြည့်ရှုအားပေးစဉ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်‌ထောင်စုနယ်မြေ ဦးစီးမှူး ဦးဇော်ဝင်းမြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ စနစ်တကျပြုလုပ်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူများလွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်ရေးလိုအပ်သည်တို့ကို လမ်းညွှန်မှာကြားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များကနိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID တို့ကို ပြည်သူများထံပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်‌ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့အရောက် ဧပြီလ ၂ဝ ရက်နေ့မှစတင်ကာ နေ့စဉ်လိုက်လံဆောင်ရွက်ပေး‌ နေကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ၊ ကွင်းအမှတ်(၁၈၀၉)၊ တောင်သူ ဦးသိန်းဆောင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၇)စက်မှုလယ်ယာစခန်းမှ နည်းပညာသစ်ကိရိယာများဖြင့် မြေဆီလွှာပြုပြင်ထွန်ယက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီဆောင်ရွက်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျထည့်သွင်းအသုံးပြုနိုင်ရေး၊ စနစ်ကျလယ်ယာမြေများဖော်ဆောင်နိုင်ရေးတို့ကို ပြောကြားသည်။

ယင်းနောက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက နည်းပညာသစ်ကိရိယာများဖြင့် မြေဆီလွှာပြုပြင်ထွန်ယက်ခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နည်းပညာသစ်ကိရိယာများဖြင့် မြေဆီလွှာပြုပြင်ထွန်ယက်ခြင်းကွင်းသရုပ်ပြနေမှုနှင့် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ နွေစပါးစိုက် တောင်သူများအား ယူရီးယားမြေဩဇာများရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ GAP Model Farm သို့ သွားရောက်ပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဥယျဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူ ဦးသိန်းလွင်က အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး နည်းလမ်းများဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များမှာကြားကာ ငွေနှင်းမှိုနှင့် အခြားသီးနှံများစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)