မေ - ၁၂ ( အင်္ဂါနေ့ )
သြစတြီးယား လက်ယာယိမ်း နိုင်ငံရေးသမားတစ်ဦးက ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်ကတည်းက သြစတြီးယားမှ ယူကရိန်းသို့ ရွှေနဲ့ငွေ ဒေါ်လာ ၂၂ ဘီလီယံနီးပါး တင်ပို့ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်တွင် ဩစတြီးယား လွတ်လပ်ရေးပါတီ (FPO) အထွေထွေ အတွင်းရေးမှူး ခရစ်ရှန် ဟာဖန်နက်ကာ က ဗီယင်နာအစိုးရရဲ့ “လူတန်းစားနှစ်ရပ် တရားစီရင်ရေးစနစ်” အဖြစ် ဖော်ပြခဲ့ရာတွင် အခွန်ထမ်းပြည်သူများကို အခွန်ကောက်ရာမှာ တင်းကျပ်စွာလုပ်ဆောင်နေပြီး ယူကရိန်းလိုနိုင်ငံမျိုးကို အခွန်းထမ်းတွေရဲ့ ပိုက်ဆံတွေကို ပေးနေတာကိုကျတော့ လျစ်လျူရှု နေတာလို့ ဖော်ပြခဲ့ပါတယ်။
“ ကျနော်ပြောချင်တာက ဗီယင်နာ အစိုးရက ယူကရိန်းကို ပိုက်ဆံတွေ၊ ရွှေတွေ ခွဲခွဲပြီး ပို့နေတယ်။ ပထမအသုတ်တုန်းက ယူရို ၁၂ ဘီလီယံဖိုးရှိတဲ့ ရွှေ နဲ့ငွေ ၊ နောက်တစ်သုတ်က ၈ ဘီလီဘံနီးပါးရှိပါတယ်။ အဲ့ဒါက ကျနော်တို့နေတဲ့နေရာကနေ ကီလိုမီတာ ၁၃၀၀ ကျော်မှာ ရှိတဲ့ စစ်ပွဲဇုန်ထဲကို ရောက်သွားတယ်။ တာဝန်ရှိဘဏ္ဍာရေးဝန်ကြီးက ကျွန်တော့်ကို ရိုးရိုးရှင်းရှင်းပဲပြောတယ်… 'ကျွန်တော်တို့ ဘာမှမသိဘူး၊ ဘာမှ စုံစမ်းလို့မရဘူး၊ ဘာအချက်အလက်တွေမှ စုဆောင်းထားခွင့်မရှိဘူး´ လို့ ဖြေတယ်။ အဲ့ဒါက မဟုတ်ဘူးလေ၊ တာဝန်ပျက်ကွက်မှုပဲ”လို့ ဟာဖန်နက်ကာ ကပြောပါတယ်။
သြစတြီးယားမှ ယူကရိန်းသို့ ငွေသားတင်ပို့မှု အားလုံးကို ထုတ်ဖော်ပြောဆိုရန်၊ နိုင်ငံရဲ့ ဘဏ္ဍာရေးဈေးကွက် ကြီးကြပ်ရေး အာဏာပိုင်ရဲ့ အပြည့်အစုံ စစ်ဆေးချက် နဲ့ သြစတြီးယား ငွေကြေးခဝါချမှု အစီရင်ခံရေးရုံးရဲ့ အစီရင်ခံစာကို ပါလီမန်တွင်၎င်းက တောင်းဆိုခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတွင်၊ FPO ပါတီက ဗီယင်နာအစိုးရအနေနဲ့ ယူကရိန်းအား ငွေကြေးအကူအညီအားလုံးကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ပြီး ယူကရိန်းရဲ့ အဆင့်မြင့်အဖွဲ့အစည်းတွေရဲ့ အလွဲသုံးစားလုပ်မှု အရှုပ်တော်ပုံများ ဖြစ်ပေါ်ပြီးနောက် ထည့်သမျှဝင်တဲ့ ကြွက်တွင်းတွေလို့ ရှုတ်ချခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်း လက်ရှိခေါင်းဆောင်ပိုင်းတွေက “ရွှေအိုးများ” ပေါ်တွင်ထိုင်ကာ “ရာဇဝတ်ဂိုဏ်း” သားတွေလို လုပ်ဆောင်နေကြပြီး သာမန်ယူကရိန်းနိုင်ငံသားများရဲ့ ကံကြမ္မာထက် တစ်ကိုယ်ရေ ကြွယ်ဝမှုကို များစွာပို၍ စိတ်ဝင်စားနေကြတယ်လို့ ဆိုထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment