ပေါင်၊ မေ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ် သီးနှံများစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိကာ ဒူးရင်းစိုက်တောင်သူများ မိသားစု အပိုဝင်ငွေရရှိနေကြောင်း သိရသည်။
ဒူးရင်းသီးများကို ပေါင်မြို့နယ်ဒေသရှိ ကျေးရွာအများစု တွင် အများအပြား ထွက်ရှိကြောင်း၊ ဒေသတွင်းရှိ ဒူးရင်းပင်များသည် နိုဝင်ဘာလတွင် အပွင့်များ စတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ အသီးများ ကောင်းမွန်စွာ ရင့်မှည့်မှသာ ဆွတ်ခူး ရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသော အသီးသည် အရသာပိုမိုကောင်းမွန်ကြောင်း ဒူးရင်းစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
ဒူးရင်းသီးများကို နှစ်စဉ် ဝယ်ယူစားသုံးသူ များပြားလာခြင်း၊ ဈေးကွက်များ ကျယ်ပြန့်လာခြင်းတို့ကြောင့် ဒူးရင်းသီးအလုံး အကြီး၊ အသေးပေါ်မူတည်၍ (၂၀၀၀ဝိ/-) ကျပ် မှ (၅၀၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေကြောင်း၊ ယိုဒယားကိုင်းဆက်သီးများကို တစ်ကီလိုလျှင် (၂၀၀၀ဝိ/-)ကျပ်၊ အသားသက်သက် တစ်ကီလိုလျှင် (၄၀၀၀ဝိ/)ကျပ်မှ (၆၀၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရရှိကြောင်း သိရသည်။
မွန်မလေး
#MNP #News


No comments:
Post a Comment