မေ - ၂၅ ( တနင်္လာနေ့ )
တရုတ်အာကာသယာဉ်မှူးသုံးဦးက တိုင်အန်ဂေါင် အာကာသစခန်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးက အနာဂတ်မှာ လပေါ်ကို ဆင်းသက်ရန်အတွက် တရုတ်အစိုးရရဲ့ နောက်ထပ်အဆင့်တစ်ခုအနေနဲ့ ကမ္ဘာပတ်လမ်းကြောင်းအတွင်း တစ်နှစ်ကျော်ကြာအောင် နေထိုင်သွားမယ်လို့ သိရပါတယ်။
ရှန်ကျူး - ၂၃ အာကာသယာဉ်ကို တနင်္ဂနွေနေ့နှောင်းပိုင်းက ဂိုဘီ သဲကန္တာရထဲရှိ ဂျူကွမ် ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ လောင်းမက်ချ်-၂ အက်ဖ် ဒုံးပျံပေါ်တွင် တင်ပြီး လွှတ်တင်ခဲ့တာပါ။ ကမ္ဘာမြေက လွှတ်တင်ပြီး လေးနာရီအကြာတွင် ဆုံရပ်ကို လျင်မြန်စွာ ဆိုက်ကပ်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်ကို လုပ်ဆောင်ပြီးနောက် ကွန်မန်ဒါ ကျူးယောင်ဇူ ဦးဆောင်တဲ့ အမှုထမ်းများက "ကောင်းကင်ဘုံနန်းတော်" လို့ ဆိုတဲ့ တိုင်အန်ဂေါင် အာကာသစခန်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပါတယ်။
ရှန်ကျူး - ၂၃ နဲ့ တက်လာတဲ့ လေတပ်လေယာဉ်မှူးဟောင်း ကျောင်းကျီယွမ် နဲ့ ဟောင်ကောင်ရဲအရာရှိဟောင်း လိုင်ကာယင်တို့ကို အရင်အဖွဲ့ဖြစ်တဲ့ ရှန်ကျူး -၂၂ အဖွဲ့က ကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒိအဖွဲ့က အာကာသစခန်းကနေ ထွက်ခွာပြီး ကမ္ဘာမြေကို ပြန်လာကြမှာပါ။
အာကာသယာဉ်မှူးများက သိပ္ပံစမ်းသပ်မှုများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း နဲ့ အာကာသလမ်းလျှောက်ခြင်း တို့ကို လုပ်ဆောင်ကာ ပတ်လမ်းစခန်းပေါ်တွင် ခြောက်လခန့်ကြာအောင် နေထိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။ သူတို့ထဲက တစ်ဦးကတော့ တရုတ်နိုင်ငံရဲ့ ပထမဆုံးအနေနဲ့ ကမ္ဘာ့ပတ်လမ်းအတွင်း တစ်နှစ်တာကြာအောင် နေထိုင်မယ်လို့ စီစဉ်ထားပါတယ်။
၁၉၇၂ ခုနှစ်တုန်းက လပေါ်ကို အမေရိကန်က ဆင်းသက်ပြီးနောက် ဒီနေ့အထိ ဘယ်သူမှလပေါ်ကို မဆင်းသေးပါဘူး။ အဲ့ဒါကို လုပ်ဖို့အတွက် တရုတ်နဲ့ ရုရှားက ပေါင်းပြီး လပေါ်ကို တက်ဖို့စီစဉ်နေကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment