ကျိုက်ထို၊ မေ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ(၂၅)ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား ကျောင်း များတွင် လာရောက်အပ်နှံလျက်ရှိကြသည်။
“ နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ဆောင်ပုဒ် ဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများ ရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ် ပြန့်ပြန့် အကောင် အထည် ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလ မေလ(၂၅)ရက်မှ ဇွန်လ(၁)ရက်အထိ KG မှ Grade-12 ကျောင်းသား/သူများကို အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံဆောင် ရွက်ရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ဗလာစာအုပ်၊ ခဲတံ၊ဘောပင်၊ ကျောင်းဝတ်စုံတို့ကို အခမဲ့ပေး အပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုး
#MNP #News




No comments:
Post a Comment