ကွန်ဂိုမှာ အီဘိုလာ ကုသရေးစင်တာကို ဆန္ဒပြသူများက မီးလာရှို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ဂိုမှာ အီဘိုလာ ကုသရေးစင်တာကို ဆန္ဒပြသူများက မီးလာရှို့



မေ - ၂၅ ( တနင်္လာနေ့ ) 

ပြည်တွင်း ပဋိပက္ခဒဏ်ခံနေရတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ အီဘိုလာရောဂါကုသရေး စင်တာတစ်ခုအား ဆန္ဒပြသူများက မီးရှို့ခဲ့ကြပြီး ရောဂါဖြစ်ပွားသူတွေရဲ့ ရုပ်အလောင်းကို မြှုပ်နှံခြင်းကို တားဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ 

အဲ့ဒီအဖြစ်အပျက်ဟာ အီဘိုလာဗိုင်းရက်စ်ပျံ့နှံ့နေပြီး ရောဂါရဲ့ ဗဟိုချက်တစ်ခုဖြစ်တဲ့ အစ်တူအာရီ ပြည်နယ် ရွမ်ပါရာဒေသ မှာ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တာပါ။ ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ အခင်းဖြစ်ပွားရာနေရာမှ  ဗွီဒီယိုဖိုင်တွေမှာကတော့ မီးလောင်မှုဖြစ်ပွားရာနေရာကနေ မီးခိုးတွေ တက်လာတာကို မြင်ရပြီး အနီးနားက သေနတ်သံတွေ ကြားနေရပါတယ်။

အီဘိုလာရောဂါဖြင့် သေဆုံးသွားတယ်လို့ ယူဆရတဲ့ သူငယ်ချင်း၏ အလောင်းကို ထုတ်ယူရန် ကြိုးပမ်းပြီးနောက် ဒေသခံလူငယ်များ ဒေါသထွက်ခဲ့ကြကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဝင်ရောက် ဖြေရှင်းပေးသော်လည်း အခြေအနေကို ကောင်းစွာ မဖြေရှင်းနိုင်ခဲ့ဘူးလို့ မျက်မြင်သက်သေက ဆိုပါတယ်။ AP သတင်းသမားတစ်ဦးကတော့ လူများအလယ်ဗဟိုသို့ ဝင်ရောက်ကာ မီးလောင်နေသော အရာဝတ္ထုများကို မီးတင်ရှို့နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်သားများ ကတော့ မော်တော်ယာဉ်များဖြင့် ထွက်ပြေးခဲ့ကြပါတယ်။ 

အစိုးရပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်မူယာယာ ကတော့ က ဆူပူအုံကြွမှုအတွင်း ပျောက်ဆုံးနေတဲ့ လူနာခြောက်ဦးကို ထုတ်ယူနိုင်ခဲ့ပြီး ရွမ်ပါရာ အထွေထွေ လွှဲပြောင်းရေးဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ပြောကြားခဲ့ပါတယ်။ 

လုံခြုံရေးအစီအမံများကို အားဖြည့်ထားပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်ကြဖို့နဲ့ အီဘိုလာတုံ့ပြန်ရေးအဖွဲ့များရဲ့ ညွှန်ကြားချက်များကို လိုက်နာကြရန် ဒေသခံများအား တိုက်တွန်းထားပါတယ်။ အီဘိုလာလို့ သံသယရှိခံရသူများရဲ့ ရုပ်အလောင်းများကနေ ပြင်းထန်စွာ ရောဂါကူးစက်နိုင်တာကြောင့် မီးသင်္ဂြိုဟ်ခြင်းထက် မြေမြုပ်ခြင်းကို လုပ်ဖို့ စည်းမျဉ်းများကို ကိုင်တွယ်ရမယ်လို့ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ ၁၉၇၆ ခုနှစ်တွင် ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ၎င်း၏ ၁၇ ကြိမ်မြောက် အီဘိုလာ ရောဂါဖြစ်ပွားမှု အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း မေ ၁၅ ရက်တွင် ကြေညာခဲ့ပါတယ်။ တာဝန်ရှိသူများက သံသယရှိသူ ၁၆၀ ဦး သေဆုံးကာ သံသယရှိသူ ၆၇၁ ဦးရှိကြောင်း၊ အများစုမှာ အစ်တူအာရီ နဲ့ ကီဗူးမြောက်ပိုင်းတွင် ဖြစ်ပွားမှုအသစ်များ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဒီအာကွန်ဂို နဲ့ ယူဂန်ဒါတွင် ဖြစ်ပွားနေတဲ့ ဘန်ဒီဘူဂျို အီဘိုလာရောဂါကို နိုင်ငံတကာစိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မေ ၁၇ ရက်တွင် ကြေညာခဲ့သော်လည်း ကပ်ရောဂါအရေးပေါ်သတ်မှတ်ချက်များ နဲ့ မကိုက်ညီကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)