တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ


ပုသိမ်ကြီး  ၊ မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ၊ မြို့နယ်သစ်တောဦးစီးဌာနရုံးရှိ ရွှေရတနာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးမှူး ဦးယဥ်မင်းထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်ခင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပြောကြားခြင်း၊ တရားမဝင်သစ်ထုတ်လုပ်မှု ပပျောက်စေရေး၊ ပြည်သူများ အသိပညာ ရရှိစေရန် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ(၃၅)ဦးခန့် တက်ရောက်ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနမှ ခေတ္တသစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်း၊ မန္တလေးတိုင်းဒေသကြီး သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ရဲဇော်မြင့်တို့မှ လာရောက်၍ ပြည်သူများနှင့် ဖော်ရွေပျူငှာစွာ တွေ့ဆုံနှုတ်ဆက်အမှာစကားများ ပြောကြားပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)