မေ - ၂၅ ( တနင်္လာနေ့ )
အီရန်နဲ့လုပ်နေတဲ့ စေ့စပ်ညှိနှိုင်းမှုများက စနစ်တကျ နဲ့ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဆက်လက်လုပ်ဆောင်နေကြောင်း နဲ့ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် ဝေဖန်သူတွေက အရှုံးသမားတွေသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြတ်ပြတ်သားသား ပြစ်တင်ပြောဆိုမှုတွေကို လုပ်ခဲ့ပြီး သဘောတူညီချက်များကို အလျင်စလိုမလုပ်ရန် ၎င်းရဲ့ ကိုယ်စားလှယ်များကို ညွှန်ကြားထားကြောင်း သိရပါတယ်။
ထရမ့်က ၎င်းရဲ့အစိုးရလက်ထက်တွင် ရရှိခဲ့တဲ့ မည်သည့်သဘောတူညီချက်မဆိုက သမ္မတဟောင်း အိုဘားမား ခေတ် ၂၀၁၅တုန်းက လုပ်ခဲ့တဲ့ နျူ့သဘောတူညီချက်တွေနဲ့ တူညီမည်မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပြီး "အရင်တုန်းက လုပ်ခဲ့တဲ့ သဘောတူညီချက်တွေက လုပ်ဖူးသမျှ အဆိုးဆုံးသဘောတူညီချက်များထဲမှ တစ်ခုဖြစ်ခဲ့တယ်" လို့လည်း ဖော်ပြခဲ့ပါတယ်။
"ကျနော်တို့ရဲ့ သဘောတူညီချက်တွေက အရင်လုပ်ခဲ့တာနဲ့ တူချင်မှတူမှာပါ။ ကျနော်တို့လုပ်နေတာကို ဘာမှန်းမသိ၊ နားလည်းမလည်ဘဲနဲ့ ဝိုင်းဝေဖန်နေကြတယ်။ လက်ရှိက ကျနော်တို့အနေအထားက သဘောတူညီချက်ရဖို့နေနေသာ၊ စေ့စပ်ညှိနှိုင်းမှုက အပြည့်အဝတောင် မရသေးပါဘူး။ ဒါကြောင့် သူတို့ဘာမှမသိတဲ့အရာကို ဝေဖန်ပြောဆိုနေတဲ့ အရှုံးသမားတွေရဲ့စကားတွေကို နားမထောင်ပါနဲ့” လို့ ထရမ့်က ၎င်းရဲ့ ထရုသ် ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
သဘောထားတင်းမာသော ရီပတ်ဘလစ်ကန်အများအပြားက သဘောတူညီချက်ရဲ့ ကောလာဟလဖြစ်နေတဲ့ စည်းကမ်းချက်များကို ဝေဖန်ခဲ့ကြပြီး ဆီနိတ်တာ လင်းဆေး ဂရေဟမ်တို့ ၊ အထက်လွှတ်တော်အမတ် တက်ဒ်ခရက်ဇ် တို့ ၊ ဆီနိတ်တာ ရောဂျာဝစ်ကာ တို့က “ အစ္စရေးနိုင်ငံအတွက် အိပ်မက်ဆိုးတွေ ဖြစ်ကုန်မယ်” တို့ ၊ “ ဆိုးရွားတဲ့အမှားတွေကို လုပ်နေတာ”တို့ ၊ “ပထမလုပ်ထားတဲ့ အီပစ်ဖြူရီ စစ်ဆင်ရေးကို အလကားအချည်းနှီး ဖြစ်စေခဲ့တာ” တို့ ဆိုပြီး ဝိုင်းဝေဖန်ခဲ့ကြပါတယ်။
ကောလာဟလ ဖြစ်နေတဲ့ သဘောတူညီချက် မူကြမ်းမှာ ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းခမပေးဘဲ ပြန်လည်ဖွင့်လှစ်ခြင်း ၊ အီရန်သည် ရေလမ်း၌ချထားသော မိုင်းများကို ရှင်းလင်းပေးခြင်း နဲ့ အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုကို ရုတ်သိမ်းကာ အီရန်ကို ရေနံရောင်းချခွင့်ပြုတဲ့ ကန့်သတ်ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးခြင်း တို့ ပါပါတယ်။
ဒီနေ့မနက်အထိ ထွက်နေတဲ့ သတင်းတွေမှာ သဘောတူညီချက် “၉၅ ရာခိုင်နှုန်း” ရှိကြောင်း Fox News က ဖော်ပြခဲ့ပေမဲ့ စေ့စပ်ညှိနှိုင်းသူများက ဘာသာစကားနဲ့ပတ်သက်တဲ့ အသေးစိတ်အယူအဆတွေကို ငြင်းခုံနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်၊။
REF: RT
#MNP #News

No comments:
Post a Comment