တံတားဦး ၊ မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦခရိုင်၊ တံတားဦးမြို့နယ်တွင် မူလတန်းဆရာ/မများအတွက် ရှေးဦးအရွယ် ကလေးလူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် (မြို့နယ်အဆင့်) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန့်မတွင် ကျင်းပကြောင်း သိရသည်။အခမ်းအနားတွင် တံတားဦးမြို့နယ် ပညာရေးမှူး ဒေါ်ချိုချိုမြင့်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းလက်စွဲစာအုပ်များကို သင်တန်းသား/သူများကိုယ်စား သင်တန်းသား တစ်ဦးထံသို့ ပေးအပ်သည်။ ဆက်လက်၍ တံတားဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးထူးလင်းက သင်တန်းဆင်လက်မှတ်များကို သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးထံသို့ ပေးအပ်ပြီး သင်တန်းသား/သူများကိုယ်စား ဘလဲ့ဘကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းသား/သူများက အကအလှများ ဧည့်ခံပေးခဲ့ကြောင်း သိရသည်။
ရဲတင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment