ပြည်ကြီးတံခွန် ၊ မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ ကျင်းပခဲ့သည်။ရှေးဦးစွာ အခမ်းအနားတွင် ပြည်ကြီးတံခွန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မန္တလေးခရိုင်ကော်မရှင်အဖွဲ့ဝင်(၁) ဦးသန်းကြွယ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အများယုံကြည်သူ ၄ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပြည်ကြီးတံခွန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်က မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာ ၉ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်(၁)ဦးလှမြင့်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်(၂) ဦးကျော်စိုးဝင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်(၃) ဒေါ်ရတနာစိုး တို့က ပြည်ကြီးတံခွန်မြို့နယ် (၁၈)ရပ်ကွက်အတွင်းရှိ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ယင်းနောက် မန္တလေးခရိုင် ကော်မရှင်အဖွဲ့ဝင် (၁) ဦးသန်းကြွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment