ကသာမြို့မှတိုက်ပွဲရှောင်ပြည်သူ(၃၀၀၀)ကျော် မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့မှတိုက်ပွဲရှောင်ပြည်သူ(၃၀၀၀)ကျော် မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိ

 


 ကသာ ၊ မေ ၆

ကသာမြို့အတွင်းမှ အခြားအရပ်ဒေသများသို့ ယာယီတိုက်ပွဲရှောင်ထွက်ခွာသွားကြသော ပြည်သူများအနေဖြင့် ဧပြီလ (၆) ရက်နေ့မှစ၍ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လျက်ရှိရာလုံခြုံရေးတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာ‌ေသာ ပြည်သူများအား ကသာမြို့ကမ်းနားလမ်းဂိတ်၊ သဖန်းကိုင်း ဂိတ်နှင့်ပတ္တမြားမြို့ဝင်ဂိတ်များဖွင့်လှစ်၍ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ လမ်းပိုင်းအချို့ဖွင့်လှစ်နိုင်သောကြောင့် စား‌သောက်ကုန်များဝင်ရောက်လာပြီး စားသောက်ကုန် ကုန်ဈေးနှုန်းများ ကျဆင်းလာပြီး မြို့အတွင်းစည်ကားလာသည့်အတွက် ဒေသခံပြည်သူများ စိတ်အေးချမ်းလျက်ရှိကြသည်ကိုတွေ့မြင်ရပါသည်။

ကသာမြို့အတွင်းသို့ ဧပြီလ(၆)ရက်နေ့မှ မေလ (၅)ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာသူ (၃၃၅၁)ဦးခန့်ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရှိရသည်။

‌ကျော်စွာ(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)