ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ



ချောင်းဆုံ  ၊ မေ ၁၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချောင်းဆုံမြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျွန်းသာယာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီတာထွန်းက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ပြီး တောင်သူ (၁) ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆) အုပ်စုရှိ ပုံစံ (၇) အမည်ပေါက်ရှိသည့် တောင်သူ (၃၀၉၉) ဦးတို့၏ မိုးစပါးစိုက်ဧက (၂၁၅၀၀) ဧကနှင့် ပုံစံ (၇) အမည်ပေါက်မရှိသည့် တောင်သူ (၁၄၀၀) ဦးတို့၏ မိုးစပါးစိုက်ဧက (၁၀၀၀၀) ဧက စုစုပေါင်းတောင်သူ (၄၄၉၉) ဦးတို့၏ မိုးစပါးစိုက်ဧက (၃၁၅၀၀) ဧကအတွက် တောင်သူတစ်ဦးလျှင် အများဆုံး (၁၀) ဧကအထိ တစ်ဧကလျှင် သုံးသိန်းကျပ်နှုန်းဖြင့် ချေးငွေကျပ် သိန်းပေါင်း (၉၄၅၀၀) သိန်းခန့် ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ကိုကျော် (ချောင်းဆုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)