မေ - ၂၃ ( တနင်္ဂနွေနေ့ )
အီရန်နဲ့ စစ်ပွဲကြောင့် ကုန်ခမ်းသွားတဲ့ အမေရိကန်တွေရဲ့ လက်နက်တိုက်တွေကို ပြန်လည်ဖြည့်တင်းရန်အတွက် ထိုင်ဝမ်ကို ရောင်းဖို့ ဈေးကွက်တင်ထားတဲ့ လက်နက်တွေကို ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်အကြီးတန်း အရာရှိ တစ်ဦးရဲ့ ပြောစကားနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ လက်နက်ရောင်းချမှု ပြုပြင်ပြောင်းလဲချက်ကို တစ်စုံတစ်ရာ သတိမပြုမိကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့ အထက်လွှတ်တော် ကာကွယ်ရေးဆပ်ကော်မတီကြားနာမှုအတွင်း အမေရိကန် ယာယီရေတပ်အတွင်းဝန် ဟွန်ကောင်း က လက်နက်ရောင်းချမှုကို “ခေတ္တရပ်ထား” ခြင်းကို အတည်ပြုခဲ့ပါတယ်။ ထိုင်ဝမ်ကို အနာဂတ်မှာရော လက်နက် ရောင်းချမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ကောင်း က အီရန် စစ်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ထောက်ပြခဲ့ပြီး နိုင်ငံခြားလက်နက်ရောင်းချမှုသည် လိုအပ်ပါက ဆက်လက်လုပ်ဆောင်ရန် သတ်မှတ်ထားပေမဲ့ ပြည်တွင်းမှာ ပြည့်စုံဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။
"ထရမ့်အစိုးရက အီရန်နိုင်ငံကို Epic Fury စစ်ဆင်ရေးလုပ်ပြီး ပြည်တွင်းလက်နက်တိုက်တွေက လက်နက်တွေကို လျော့နည်းသွားစေတယ်။ ကျနော်တို့အတွက် မဖြစ်မနေ လိုအပ်နေတဲ့ ခဲယမ်းတွေ ရှိ၊ မရှိ သေချာစေဖို့အတွက် ရောင်းချဖို့လုပ်ထားတာတွေကို ခေတ္တရပ်ထားပါတယ်" လို့ ၎င်းက ပြောပါတယ်။
အီရန်အပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုသည် အမေရိကန်ရဲ့လက်နက်များ သိုလှောင်မှုအပေါ် ပြင်းထန်စွာ ထိခိုက်မှု ဖြစ်စေတယ်လို့ ယုံကြည်ရပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်တွင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက လိုအပ်သည့် ခဲယမ်းများ ရှိနေသေးကြောင်း အမေရိကန် ထိပ်တန်းအရာရှိများက ထပ်ခါတလဲလဲ အာမခံထားပေမဲ့ လွတ်လပ်သော အကဲဖြတ်ချက်များအရ အမေရိကန်မှာ ကြားဖြတ်တိုက်ခိုက်တဲ့ ဒုံးကျည်များ နဲ့ တိကျမှုမြင့်မားတဲ့ ဒုံးကျည်များအပါအဝင် တန်ဖိုးကြီးသော လက်နက် အများအပြားကို အသုံးပြုထားကြောင်း ညွှန်ပြနေပါတယ်။
ယူကေ၊ ပိုလန်၊ လစ်သူယေးနီးယားနှင့် အက်စ်တိုးနီးယားတို့အပါအဝင် အမေရိကန်ရဲ့ ဥရောပမဟာမိတ်များအား လက်နက်များပေးပို့ရာတွင် နှောင့်နှေးကြန့်ကြာနေမယ်လို့လည်း ပင်တဂွန်က သတိပေးထားပါတယ်။ ဖနန်ရှယ်တိုင်းမ် သတင်းဌာနရဲ့ မကြာသေးမီက သတင်း တစ်ခုအရ နှောင့်နှေးမှုသည် မိုဘိုင်းဒုံးပစ်လောင်ချာများ အတွက် ခဲယမ်းများအပြင် လေယာဉ်ဆန့်ကျင်ရေးစနစ်များကိုပါ ထိခိုက်စေမှာဖြစ်ကြောင်း သိရပါတယ်။ ထိုအချိန်တွင်၊ ပင်တဂွန်စစ်ဌာနချုပ်က ၎င်းသည် "လုပ်ငန်းလည်ပတ်မှုလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မိတ်ဖက်များထံမှ စက်ပစ္စည်းကိရိယာများနှင့် လက်ရှိလက်နက်လွှဲပြောင်းမှုကိစ္စရပ်များအတွက် တောင်းဆိုမှုအသစ်များကို ဂရုတစိုက်အကဲဖြတ်နေတယ်" လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment