ကျိုက်ထို၊ မေ ၁၄
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း(စနစ်ကျ)(၂၀၀)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ကျိုက်ထိုမြို့နယ်စက်မှု လယ်ယာဦးစီးဌာနအမှတ်(၈၃)စက်မှုလယ်ယာစခန်းမှ မေလ ၁၄ ရက် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ကွင်းအမှတ်(၁၈၈)(OSS)သောင်ကွင်း၌ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင်ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကံစောလှိုင် က ဧကကွက်ဖေါ်ရာ၌ ထယ်ထိုးခြင်း၊ထွန်မွှေခြင်း၊မြေညှိခြင်း၊ကန်သင်းပြုလုပ်ခြင်းများကိုဆောင်ရွက်ခြင်းကြောင့်သီးနှံထွက်နှုန်းတိုးလာသည့်အပြင်လယ်ယာမြေဈေးနှုန်းကာလ တန်ဖိုးမြင့်တက်လာမည်ဖြစ်ကြောင်း ရရှိခံစားရမည့် အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဇော်က လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများအား ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ သထုံခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခန့်ကျော်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနဦးစီးအရာရှိ ဦးသက်ဇော်နှင့်ဝန်ထမ်းများ ဌာနဆိုင်ရာအကြီးအကဲများ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး
#MNP #News



No comments:
Post a Comment