အီရန်စစ်ပွဲကုန်ကျစရိတ်ကို ပင်တာဂွန်က လျှော့ပြီး ပြနေတယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်စစ်ပွဲကုန်ကျစရိတ်ကို ပင်တာဂွန်က လျှော့ပြီး ပြနေတယ်လို့ ဆို


မေ - ၁၄ ( ကြာသပတေးနေ့ ) 

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကွန်ဂရက်မှာ အီရန်စစ်ပွဲအတွက် ကုန်ကျစရိတ်ကို ဒေါ်လာ ၂၉ ဘီလီယံ အထိ တိုးမြှင့်တောင်းခံထားပေမဲ့ အဲ့ဒိပိုက်ဆံပမာဏက တတ်သိပညာရှင်များရဲ့ ခန့်မှန်းချက်ထက် နည်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဧပြီလနှောင်းပိုင်းတွင် ယာယီပင်တဂွန်စစ်ဌာနချုပ်မှ ကြီးကြပ်ရေးမှူး ဂျူလီဟာ့စ် က အီရန်စစ်ပွဲမှာ အမေရိကန်က ဒေါ်လာ ၂၅ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း ကွန်ဂရက်လွှတ်တော်အမတ်များအား ပြောကြားခဲ့ပါတယ်။ 

အင်္ဂါနေ့က အောက်လွှတ်တော်ရဲ့ အီရန်စစ်ပွဲသုံးသပ်ချက် ကော်မတီကြားနာမှုမှာတော့ ဟာ့စ် က ကုန်ကျစရိတ် အများစုကို အီရန်အတွက်အသုံးပြုတဲ့ အမေရိကန်လက်နက်သိုလှောင်မှုများအတွက် ကုန်ကျစရိတ်များကိုပါ ထည့်သွင်းတွက်ချက်တယ်လို့ အကဲဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ 

ဒါပေမဲ့လည်း ဂျာနယ်လစ်နှင့် လုံခြုံရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး အင်စတီကျုကို ပူးတွဲတည်ထောင်သူ စတီဖင်ရှမ်မလာရဲ့အဆိုအရ၊ အမေရိကန်က စစ်ပွဲ၏ ပထမရက် ၆၀ အတွင်း ခန့်မှန်းခြေ ဒေါ်လာ ၇၁.၈ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ဆိုထားပါတယ်။ အသုံးစရိတ်မှာ ခဲယမ်းတန်ဖိုး ဒေါ်လာ ၄၁ ဘီလီယံကျော် ရှိပြီး စစ်ရေး စစ်ဆင်ရေး ကုန်ကျစရိတ် နှင့် အမေရိကန် ဒေသဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် အခြေစိုက် စခန်းများ ပျက်စီးမှုများ နှင့်အတူ ပြီးခဲ့သော သီတင်းပတ် က စစ်တပ် ၀ယ်ယူရေး အချက်အလက် နှင့် အရာရှိများ ၏ ပြောကြားချက် များကို ကိုးကားပြီး ရေးသားခဲ့တာပါ။ 

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ရဲ့အဆိုအရ အီရန်စစ်ပွဲမှာ အမေရိကန်က ပက်ထရီရော့ နဲ့ သအက်ဒ် ဒုံးခွင်းဒုံးတွေလို ကြားဖြတ်ဒုံးကျည်များ ထက်ဝက်ခန့်ကိုသုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတ ထရမ့်က အီရန်ရဲ့ဒုံးကျည်စနစ်တွေရဲ့ စွမ်းရည်ကို ဖျက်စီးနိုင်ခဲ့တယ်ဆိုတာ အလွန်အကျူး ပြောနေတာလို့လည်း ရေးခဲ့ပါတယ်။ 

အီရန်ရဲ့ မိုဘိုင်းလောင်ချာ ၇၀ % ခန့် နဲ့ စစ်ကြို ဒုံးကျည်များ သိုလှောင်မှု ၇၀% ကို ထိန်းသိမ်းထားပြီး မြေအောက် ခဲယမ်းများ သိုလှောင်မှုနှင့် ပစ်လွှတ်ရေး အဆောက်အအုံများ၏ ၉၀% က ရှိနေဆဲလို့ အမေရိကန် ထောက်လှမ်းရေး ခန့်မှန်းချက်များကို ကိုးကားပြီး မီဒီယာတွေက ရေးသားခဲ့ပါတယ်။ အီရန်က ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ကမ်းရိုးတန်းဒုံးကျည်စခန်း ၃၃ ခုအနက်မှ ၃၀ ကို ပြန်လည်ထိန်းသိမ်းခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)