မိုင်းပန်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှု စာမေးပွဲဖြေဆိုမှု ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပန်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှု စာမေးပွဲဖြေဆိုမှု ကျင်းပ



မိုင်းပန်   ၊ မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှု စာမေးပွဲကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာ/ဆရာမများက စာဖြေဆိုသူများအား မွေတော်ဘုန်း‌တော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက ဖြေဆိုခဲ့သည်။

စာမေးပွဲဖြေဆိုရာတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာ/ဆရာမများက ကြည့်ရှုစစ်ဆေးပေးခဲ့ကြပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုစာမေးပွဲ သူငယ်တန်း၊ ပထမတန်း(အငယ်)နှင့် ပထမတန်း(အကြီး) ကိုရင်(၁၂)ပါးနှင့် စာဖြေဆိုသူ (၄၄) ဦး စုစုပေါင်း(၅၆)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ အဆိုပါစာမေးပွဲဖြေဆိုသူများအား ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)