ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးပညာပေးသင်းတန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးပညာပေးသင်းတန်းဖွင့်လှစ်


ပေါင်၊ မေ ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးဆောင်၍ မွေးမြူ ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် ရည်ရွယ်၍ အခြေခံမွေးမြူရေးပညာပေးသင်းတန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာနှင်းက နိုင်ငံတော်အနေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ပို့ချသည့်သင်ခန်းစာများကို သေချာစွာလေ့လာသင်ယူပြီး မိမိဒေသ အတွက် အကျိုးပြုသောသူများဖြစ်လာရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ရဲအောင်က ယခုဖွင့်လှစ်သည့်သင်တန်းသည် ဒေသခံပြည်သူများအတွက်များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားပို့ချမှုနှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သူများဖြစ်လာရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းကိုသင်တန်းသား(၁၅)ဦးတို့ဖြင့်မေလ (၁၁)ရက်နေ့မှ (၁၂) ရက်နေ့အထိ (၂)ရက်ကြာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်သူများက သင်ထောက်ကူပစ္စည်းများအသုံးပြု၍ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)