တရုတ်ရေနံတင်သင်္ဘော၂ စင်း ဟောမုဇ်ရေလက်ကြားက ထွက်နိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ရေနံတင်သင်္ဘော၂ စင်း ဟောမုဇ်ရေလက်ကြားက ထွက်နိုင်ခဲ့




မေ - ၂၁ ( ကြာသပတေးနေ့ ) 

အီရန် နဲ့  အမေရိကန်တို့က ဟောမုဇ်ရေလက်ကြားကို ၂ ထပ် ပိတ်ဆို့ထားတဲ့ကြားက တရုတ်ရေနံတင် သင်္ဘောနှစ်စင်းသည် ရေလက်ကြားကိုဖြတ်ပြီး ပင်လယ်ကွေ့ထဲကို အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။  ပိတ်ဆို့ခံနေရတဲ့ ကမ္ဘာ့အရေးအကြီးဆုံး ရေနံလမ်းကြောင်းကြီးထဲမှာ ရှားရှားပါးပါး လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ 

ရေနံစည်ပေါင်း ၄ သန်းခန့် တင်ဆောင်လာတဲ့ သင်္ဘောများက ဗုဒ္ဓဟူးနေ့တွင် ရေလက်ကြားကို ဖြတ်သွားခဲ့ပြီး မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံများအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် အီရန်က ဆန္ဒရှိနေတယ်ဆိုတဲ့ နောက်ဆုံး လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ထွက်ခွာလာနိုင်ခဲ့တဲ့ ရေနံတင်သင်္ဘောတွေ ကတော့ ယွမ်ဂိုင်ယန် နဲ့ အိုရှင်းလီလီ တို့ပဲ ဖြစ်ပါတယ်။ 

အမေရိကန်-အစ္စရေး စစ်ဆင်ရေး စတင်ချိန်ကတည်းက အီရန်သည် ဟော်မုဇ်ရေလက်ကြားထဲမှာရှိတဲ့ သင်္ဘောအများစုကို ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်က အီရန်ဆိပ်ကမ်းများကိုပါ ပိတ်ဆို့ထားခဲ့ပါတယ်။ စစ်မဖြစ်မီက ပုံမှန်အားဖြင့် တစ်ရက်ကို သင်္ဘော ၁၄၀ ခန့်က ရေလက်ကြားကို ဖြတ်ကျော်ခဲ့ကြပေမဲ့ 

သင်္ဘောစောင့်ကြည့်ရေးအဖွဲ့ Lloyd's List က ပြီးခဲ့တဲ့ သီတင်းပတ်တစ်ပတ်လုံးမှာ ဖြတ်သန်းသွားတဲ့ သင်္ဘောက ၅၄ စင်းသာရှိတယ် လို့ ဆိုပါတယ်။ အဲ့ဒါက ပြီးခဲ့တဲ့ ၁ပတ်ကျော်ကထက် ၂ ဆ ပိုပါတယ်။ 

အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ် တို့က အီရန်နဲ့ ဆွေးနွေးမှုများ တိုးတက်နေပြီဖြစ်ကြောင်း အကြံပြုပြီးနောက် တရုတ်ရေနံတင်သင်္ဘောများအတွက် ရေလက်ကြားက ထွက်လာနိုင်မှုက ပိုမိုလွယ်ကူလာတယ်လို့ သိရပါတယ်။ စစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ရန် နီးကပ်လာပြီလို့ သတိပေးထားပေမဲ့ စစ်ပွဲက “အလွန်လျင်မြန်စွာ အဆုံးသတ်နိုင်တယ်” လို့လည်း ထရမ့်က အင်္ဂါနေ့ က ပြောကြားခဲ့ပါတယ်။ 


REF: The Nation

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)