ကလော ၊ မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဒုတိယဦးစီးမှူး ဦးဆောင်၍ အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီက ကလောမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဝေဇင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများဖြစ်သည့် မြို့နယ်သမဝါယမဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများနှင့် မီးခလုပ်များအား စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ သဲပုံး ၊ ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းများထားရှိခြင်း ရှိ/မရှိနှင့် ရေကန်များတွင် ရေများအလုံအလောက်အဆင်သင့်ထားရှိရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment