ငါန်းဇွန်မြို့၌ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါန်းဇွန်မြို့၌ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များဖြန့်ဝေ

 


ငါန်းဇွန်  ၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မစည်ပင်သာယာဈေးအတွင်း/ အပြင်ပတ်ဝန်းကျင်တွင်လည်း ကောင်း၊ မြို့မရဲစခန်းရှေ့ လမ်းဆုံတွင်လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇နာရီက မန္တလေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

ထိုသို့ဖြန်ဝေပေးရာတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် ၂၀၂၆ ခုနှစ် မေလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်သူများလက်ဝယ်အရောက် လက်ကမ်းစာစောင်ရေ(၈၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)