ရုရှားဂျုံတွေကို အာဖရိက ဘက်မှာ အများကြီး အဝယ်လိုက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဂျုံတွေကို အာဖရိက ဘက်မှာ အများကြီး အဝယ်လိုက်နေ


မေ - ၂၃ ( တနင်္ဂနွေနေ့ ) 

အာဖရိကနိုင်ငံများသို့ ရုရှားဂျုံတင်ပို့မှုက ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ရုရှားစိုက်ပျိုးမွေးမြူရေး တင်ပို့သည့်အေဂျင်စီ အေဂရိုအိတ်စ်ပို့စ် က ပြောကြားခဲ့ပါတယ်။ ဆူဒန်သို့ တင်ပို့မှု ၇၈ % ခုန်တက်ခဲ့ပြီး ကင်ညာသို့ တင်ပို့မှုမှာ ၁၉ % တိုးတက်ခဲ့ပြီး ကင်ညာသို့ ထောက်ပံ့မှုမှာ ခြောက်ဆ မြင့်တက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အချက်အလက်များအရ သိရပါတယ်။ 

ပဉ္စမအကြိမ်မြောက် ရုရှားနိုင်ငံလုံးဆိုင်ရာ ဂျုံ ဖိုရမ် တွင် အေဂျင်စီအကြီးအကဲ အီလ်ယူရှင် က ရုရှားသည် ၂၀၂၅ ပြက္ခဒိန်နှစ်တွင် ဂျုံ နဲ့ ပဲ တန်ချိန် ၅၂ သန်းနီးပါး တင်ပို့ခဲ့ပြီး ဆီထွက်သီးနှံ တန်ချိန် ၃ သန်းကျော်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ ဂျုံ အရောင်းက ယခင်နှစ် အလားတူကာလထက် တန်ချိန် ၄ ဒသမ ၃၀ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားခဲ့ပါတယ်။ အာဖရိက ကတော့ အဓိကဝယ်ယူတဲ့ နိုင်ငံတွေဖြစ်ပြီး သူတို့ရဲ့ သွင်းကုန်ပမာဏကို စံချိန်တင်မြှင့်တင် နေပါတယ်။

ကြာသပတေးနေ့တွင် အေဂျင်စီက ကင်မရွန်းသို့ တင်ပို့မှုက ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ ၃၂ သန်းတန်ဖိုးရှိ တဲ့ ပို့ကုန် တန်ချိန် ၁၃၇,၀၀၀ သို့ရောက်ရှိခဲ့ပြီး ပို့ကုန်ရငွေရဲ့ ၉၉ ရာခိုင်နှုန်းသည် ဂျုံဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ် ၃.၂ ဆ တိုးမြင့်လာခဲ့ပါတယ်။ ရုရှားနိုင်ငံသည် ဘဲသား၊ အေးခဲငါးနှင့် ပြုပြင်ထားသော ကောက်နှံထွက်ကုန်များကို ရောင်းပေးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၏ ပထမလေးလအတွင်း ကင်မရွန်းနိုင်ငံသို့ တင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၉၃၀၀၀ ဝန်းကျင်ရှိပြီး ကန်ဒေါ်လာ ၂၀.၅ သန်းကျော်ဖိုးရှိပါတယ်။ 

မော်စကို နှင့် အာဖရိကနိုင်ငံများကြား ဆက်ဆံရေး ဖွံ့ဖြိုးလာချိန်တွင် ရုရှားနိုင်ငံမှ ဂျုံ တင်ပို့မှုက ပိုမိုကျယ်ပြန့်လာပါတယ်။ ယခုလအစောပိုင်းတွင် မော်စကိုအခြေစိုက်ကုမ္ပဏီများမှ အာဖရိကနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၅၂ ဆ ခုန်တက်သွားပြီး ဒေါ်လာ ၇ ဒသမ ၈ သန်းနီးပါးအထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ 

ရုရှားပဲပုပ်နှင့် ဟင်းချက်ဆီဝယ်လိုအားမှာလည်း မြောက်အာဖရိကတစ်ဝှမ်းတွင် သိသိသာသာ မြင့်တက်လာ နေပါတယ်။ အေဂရိုအိတ်စ်ပို့စ် ရဲ့ ခန့်မှန်းချက်အရ ဒေသတွင်းသို့ ထုတ်ကုန်နှစ်ခုရဲ့ တင်ပို့မှုက ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ၅၄ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး တန်ချိန် ၂၂၀,၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားနှင့် တူနီးရှားသည် ရုရှားဟင်းသီးဟင်းရွက်ဆီများကို တရုတ်နှင့် အိန္ဒိယတို့နောက်တွင် အများဆုံးဝယ်ယူတဲ့ နိုင်ငံများထဲတွင် ပေါ်ထွက်လာပြီး တူနီးရှားသို့ ဟင်းချက်ဆီတင်ပို့မှု ငါးဆတိုးလာခဲ့ပါတယ်။ 

ဆူဒန်သို့ ရုရှားဂျုံတင်ပို့မှုသည် နှစ်ဆကျော် ပိုများလာပြီး ပို့ကုန်များသည်  ၂၀၂၅/၂၆ ရာသီအစမှ စတင်၍ တန်ချိန် ၁.၇ သန်းခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် တန်ချိန် ဝ.၇ သန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။ 


REF: RT

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)