မေ - ၂၂ ( သောကြာနေ့ )
ဟော်မုဇ်ရေလက်ကြားတွင် အနှောင့်အယှက်များကြောင့် အိန္ဒိယမှာ လောင်စာစွမ်းအင် အကျပ်အတည်းနဲ့ ကြုံတွေ့နေရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အိန္ဒိယနိုင်ငံသို့ စွမ်းအင်အရင်းအမြစ်များ ဖြစ်တဲ့ ရေနံ နဲ့ LNG ဓာတ်ငွေ့ရည်များ ပိုမိုရောင်းချရန် ကြိုးပမ်းနေပါတယ်။
အမေရိကန်သံအမတ်ကြီး ဆာဂျီယိုဂေါ် က အိန္ဒိယသည် ၎င်းရဲ့ စွမ်းအင် တင်သွင်းမှု အရင်းအမြစ်များကို နေရာစုံမှ လက်ခံထားတာကြောင့် "အမေရိကန် စွမ်းအင်ကို ပိုမိုဝယ်ယူခြင်း" ဖြစ်တယ်လို့ Bloomberg သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “လူတွေက အမေရိကန်ကနေ ဝယ်ယူတာကို အရမ်းလက်ခံကြပါတယ်။ အဲဒါအတွက် ကျနော်တို့ အရမ်းပျော်ပါတယ်”လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က နယူးဒေလီသို့ လာရောက်ရန် ရက်ပိုင်းအလိုတွင် ဂေါ်ရဲ့ မှတ်ချက်များထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အမေရိကန်က ၂၀၂၂ ခုနှစ်ကတည်းက ရုရှားထံမှ ရေနံတင်သွင်းမှုကို တားဆီးရန် အိန္ဒိယအား ဖိအားပေးခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတွင် ထရမ့်အစိုးရက အိန္ဒိယကုန်ပစ္စည်းများအပေါ် ဒဏ်ခတ်အခွန်စည်းကြပ်မှုများ ချမှတ်ခဲ့ပါတယ်။ ထရမ့်နှင့် အိန္ဒိယ၀န်ကြီးချုပ် မိုဒီ တို့တွေ့ဆုံပြီး သဘောတူညီချက်တစ်ခုရခဲ့လို့ နောက်ပိုင်းတွင် အခွန်စည်းကြပ်မှုများကို ဖယ်ရှားခဲ့ပါတယ်။ ပဏာမကုန်သွယ်ရေးသဘောတူညီချက်အရ အမေရိကန်သည် ရုရှားရေနံဝယ်ယူမှုကို ရပ်ဆိုင်းလိုက်သည့်အတွက် အိန္ဒိယအပေါ် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါတယ်။
အိန္ဒိယသည် ရုရှားရေနံတင်သွင်းမှုကို ရပ်တန့်မည်မဟုတ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး စီးပွားရေးကို ကာကွယ်ရန် ဖြစ်နိုင်သမျှအရင်းအမြစ်အားလုံးမှ စွမ်းအင်ကို ဆက်လက်ဝယ်ယူသွားမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ရေနံဝယ်ယူသူ အိန္ဒိယနိုင်ငံသည် ၎င်းရဲ့ရေနံလိုအပ်ချက်ရဲ့ ၈၅ % ခန့်ကို နိုင်ငံခြားမှ တင်သွင်းမှုအပေါ် မှီခိုနေရပါတယ်။
REF: RT
#MNP #News



No comments:
Post a Comment