ပါတီတွင်းပြန်လည်စုဖွဲ့မှုများဟာ အရေးကြီးသဖြင့် သေသေခြာခြာ စနစ်တကျဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါတီတွင်းပြန်လည်စုဖွဲ့မှုများဟာ အရေးကြီးသဖြင့် သေသေခြာခြာ စနစ်တကျဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား





မေ ၂၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၁-၅-၂၀၂၆ ရက်နေ့တွင် ပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်များအစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၂/၂၀၂၆)သို့ တက်ရောက်ခဲ့ပြီး မကြာခင်ပြုလုပ်ကြမည့် ပါတီတွင်းပြန်လည်စုဖွဲ့မှုများဟာ အရေးကြီးသဖြင့် သေသေခြာခြာ စနစ်တကျဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးကို နံနက် ၀၉:၃၀ နာရီအချိန်တွင် စတင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီရည်မှန်းချက်တာဝန်တွေ ပါတီရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သွားမယ့်အစီအစီအစဉ်များနှင့်ပတ်သက်ပြီး ခေါ်ယူတွေ့ ဆုံခြင်းဖြစ်ကြောင်း၊ လွှတ်တော်နားစဉ်ကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် မိမိမဲဆန္ဒနယ်မြေနှင့် တိုင်းဒေသကြီး ၃ ခုကိုသွားရောက်ကာ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များကိုပြောကြားခဲ့ကြောင်း။

ထို့နောက်ပါတီတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကာ ပါတီနှင့်ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များ ပေါင်းစပ်ညှိနှိုင်ရေးကိစ္စများအား ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းဒေသရှိဩဇာတက္ကမရှိသူများ လုပ်ငန်းရှင်များအားတွေ့ဆုံကာ ၎င်းတို့၏လုပ်ငန်းများ အတွေးအခေါ်များနှင့်ပတ်သက်ပြီး နိုင်ငံတော်အတွက်သို့မဟုတ် ဒေသအတွက်လိုအပ်များကို မေးခွန်း သို့မဟုတ် အဆိုများအဖြင့် ပြောင်းလဲကာဆောင်ရွက်ပေးနိုင်ရန်နားထောင်ခဲ့ကြောင်း။

မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ၏ အသံကိုနားထောင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့အသံ၊ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ လွှတ်‌တော်ဆန္ဒ မျှော်မှန်းချက်လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် အတိုင်း ပြည်သူလူထုကိုကိုယ်စားပြုသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူလူထုအတွက်အထောက်အပံ့ရန်လိုအပ်ကြောင်း။

သက်ဆိုင်ရာဌာနဆိုင်များများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

မိမိတို့အနေဖြင့် လွှတ်တော်၏အခန်းကဏ္ဍကို မြှင့်တင်‌ပေးကြရမှာဖြစ်ကြောင်း။ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူ ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူ့လိုအပ်ချက်များကို နိုင်ငံတော်ကိုတင်ပြပေးခြင်းဖြင့် လွှတ်တော်၊ နိုင်ငံတော်၊ ပါတီနှင့် ပြည်သူအားလုံးအကျိုးရှိမှာဖြစ်သည့်အတွက် ပီပီပြင်ပြင်ဖြစ်အောင်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊  

နိုင်ငံတော်အား ပြည်တွင်း/ပြည်ပမှ ဝိုင်းဝန်း‌ဝေဖန်တိုက်ခိုက်နေသည့်အချိန်မှာ လွှတ်တော်မှ အကူအညီပေးခြင်းသည် အကောင်းဆုံးအခန်းကဏ္ဍဖြစ်ကြောင်း။ ပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူအားစည်းရုံးရန်တာဝန်ရှိသူများဖြစ်ပြီး မိမိတို့၏စည်းရုံးမှုများသည် နိုင်ငံတော်အစိုးရအားထောက်ပံ့ပေးရန်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ဥပဒေ၏အကာအကွယ်အောက်တွင် တိုင်းသူပြည်သားအားလုံး လုံလုံခြုံခြုံဖြစ်ရန်အရေးကြီးပါကြောင်း ဥပဒေတောင့်တင်းတဲ့ နိုင်ငံမှာ တရားဥပဒေစိုးမိုးပြီး ရပ်ရွာအေးချမ်းသာယာကြောင်း ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေးကဏ္ဍကို ပီပီပြင်ပြင် ဆောင်ရွက်ဖို့လိုကြောင်း၊ လွှတ်တော်ဟာ အစိုးရနှင့်ပြည်သူ့ကြားက ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားဖြစ်တာကြောင့် ပြည်သူ့ဆန္ဒများကို ကောင်အထည်ဖော်ပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။ ပါတီတာဝန်ရှိသူများ အနေဖြင့်လည်း ပြည်သူလူထုနဲ့တွေ့ဆုံပြီး ပြည်သူများ၏ဆန္ဒ ပြည်သူ့များ၏ လိုအပ်ချက်များအား လွှတ်တော်ကိုယ်စားများသို့ပေးပို့ဆောင်ရွက်သွားကြရန်နှင့် ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြရန် မှာကြားပါသည်။

ထို့ပြင် ပါတီစည်းရုံးရေးလုပ်ငန်းတွေကို ရေရှည်ဖြစ်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။ ပါတီ၏ ရေရှည်ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီရှိရမည်၊ အင်အားတောင့်တင်ပြီး ကျစ်လစ်ခိုင်မာသည့်ပါတီဖြစ်ရမည်၊ မှတပါးအခြားမရှိ ဆိုသည့် ရည်မှန်းချက်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြရမှာဖြစ်ကြောင်း။ ရွေးကောက်ပွဲများတွင် အနိုင်ရရန်ဆိုသည့် ရေတိုရည်မှန်းချက်များကိုလည်း ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။ မကြာခင်ပြုလုပ်ကြမည့် ပါတီတွင်းပြန်လည်စုဖွဲ့မှုများဟာ အရေးကြီးသဖြင့် သေသေခြာခြာ စနစ်တကျဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း” ပြောကြားပါသည်။

ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ထားရှိမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်ပါတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာတိုင်းဒေသကြီးများအလိုက် ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား အသီးသီးတင်ပြကာ နေ့လည် ၁၂:၀၀ နာရီအချိန်တွင် အစည်းအဝေးအား ခေတ္တရပ်နားခဲ့ပါသည်။

ထို့နောက် နေ့လည် ၁:၀၀ နာရီအချိန်တွင် အစည်းအဝေးဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ပါတီဌာနချုပ်မှ ဌာနကြီးများ၊ ရေးရာကော်မတီများ၏ တာဝန်ခံဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက ဌာန၏ ဆောင်ရွက်နေသောလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်ပြီး ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ တင်ပြချက်များနှင့်စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)