မေ - ၂၂ ( သောကြာနေ့ )
လိင်မှတဆင့်ကူးစက်သောရောဂါများ (STIs) သည် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ဥရောပတစ်ဝှမ်းတွင် ဆီးပူညောင်းကျခြင်း နဲ့ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုက အထူးသဖြင့် လိင်တူဆက်ဆံသူ အမျိုးသားများကြားတွင် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဥရောပရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်မှုဌာန (ECDC) ရဲ့ ကြာသပတေးနေ့ထုတ် ဒေတာအသစ်အရ သိရပါတယ်။
ဥရောပသမဂ္ဂ ( အီးယူ ) နဲ့ ဥရောပစီးပွားရေး နယ်မြေ ( အီးအီးအေ ) နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အတည်ပြုလူနာ ၁၀၆,၃၃၁ ဦး အစီရင်ခံခဲ့ပါတယ်။ အဲ့ဒိလိင်ပိုင်းဆိုင်ရာရောဂါကူးစက်မှုကို ၂၀၀၉ ခုနှစ်တွင် အီးယူ မှ စတင်စောင့်ကြည့်လာခဲ့ရာ ဆီးပူညောင်းကျ(ဂနို)ရောဂါသည် ၂၀၂၄ ခုနှစ်အတွက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဂနိုရောဂါဖြစ်ပွားမှုက ၂၀၂၄ ခုနှစ်တွင် အမျိုးသားများတွင် ဖြစ်ပွားမှု ၇.၉ % တိုးလာပြီး အမျိုးသမီးများတွင် ကူးစက်မှု ၈.၆ % ကျဆင်းခဲ့ပါတယ်။
အဲ့ဒိကာလအတွင်းမှာပဲ ဆစ်ဖလစ်ရောဂါကူးစက်မှုသည် နှစ်ဆကျော် တိုးလာကာ ၄၅,၅၇၇ ဦးအထိ ရောက်ရှိလာကာ အမျိုးသားများက အမျိုးသမီးများထက် ခြောက်ဆကျော် ပိုများလာပါတယ်။ ကလာမိုင်ဒီယား ရောဂါကူးစက်ခံရတဲ့သူ ၂၁၃၄၄၃ ဦး ရှိခဲ့ပြီး အစီရင်ခံမှုအများဆုံး ကာလသားရောဂါအဖြစ် ဆက်လက် တည်ရှိနေပါတယ်။
ECDC ၏ အဆိုအရ လိင်တူဆက်ဆံသော အမျိုးသားများသည် ဆီးပူညောင်းကျရောဂါ (၆၂ %) နှင့် ဆစ်ဖလစ် (၆၉%) တို့တွင် အများဆုံးဖြစ်ပွားခဲ့ပါတယ်။ "လိင်မှတဆင့်ကူးစက်သော ကူးစက်မှုများသည် ၁၀ နှစ်ကြာ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြင့်မားသောအဆင့်သို့ ရောက်ရှိခဲ့တယ်" လို့ သိရပါတယ်။
"ကုသမှုမခံယူပါက၊ ဤရောဂါပိုးများက နာတာရှည်နာကျင်မှုနှင့် မျိုးမပွားနိုင်ခြင်းအပြင် ဆစ်ဖလစ်ရောဂါ၊ နှလုံး သို့မဟုတ် အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများကဲ့သို့သော ပြင်းထန်သောနောက်ဆက်တွဲများကို ဖြစ်စေနိုင်တယ်"လို့လည်း ဆိုပါတယ်။
ECDC သည် ဥရောပတစ်ဝှမ်းရှိ ကာကွယ်ရေးနှင့် စစ်ဆေးမှုတွင် ပျက်ကွက်မှုများ၊ စမ်းသပ်ခွင့် မညီမျှခြင်းများ နဲ့ နိုင်ငံ ၂၉ နိုင်ငံမှ ၁၃ နိုင်ငံတွင် လူနာများသည် အခြေခံကာလသားရောဂါစစ်ဆေးမှု အတွက် အိတ်စိုက်ပေးချေရန် လိုအပ်ကြောင်း ECDC က ဆိုပေမဲ့ ဘယ်နိုင်ငံတွေက အထူးခြားဆုံး တိုးလာတယ်ဆိုတာကို အစီရင်ခံစာမှာ မဖော်ပြထားပါဘူး။
REF: RT
#MNP #News

No comments:
Post a Comment