ဂန့်ဂေါ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာများလာရောက် ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းများကို ခရိုင်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၈နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(တာဝန်ခံ)ဒေါက်တာဝင်းထိုက်၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ရောဂါ ဖြစ်ပွားမှုစာရင်းများကောက်ယူခြင်း၊ စစ်ဆေးရှာဖွေခြင်း၊ ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ လိုအပ်သော အကြံဉာဏ်များပေးခြင်း၊ ဆေးဝါးများပေးခြင်းနှင့် ကုသပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း (၁၀၆)ဦးအား ကုသပေးနိုင်ခဲ့သည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်း၍ ဆေးကုသနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲဝန်ထမ်းများက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News





No comments:
Post a Comment