မတောင်းပန်လို့ကတော့ ပြဿနာကြီးသွားမယ်လို့ ဂရိက ယူကရိန်းကို ကြိမ်းပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မတောင်းပန်လို့ကတော့ ပြဿနာကြီးသွားမယ်လို့ ဂရိက ယူကရိန်းကို ကြိမ်းပြီ


မေ - ၂၂ ( သောကြာနေ့ ) 

ယခုလအစောပိုင်းက ဂရိကျွန်းတစ်ကျွန်းနားက အရပ်ဘက်သင်္ဘောတစ်စင်းကို ယူကရိန်းရေတပ်ရဲ့ ပင်လယ်ဒရုန်းတစ်စီးက တိုက်ခိုက်နှစ်မြုပ်လိုက်ရာ အများအပြား သေဆုံးဒဏ်ရာ ရရှိသွားနိုင်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကော့ ဒန်ဒီယက်စ် က ပြောကြားခဲ့ပါတယ်။ 

ယူကရိန်း ပင်လယ်ဒရုန်း က ပေါက်ကွဲစေတတ်တဲ့ပစ္စည်း အလေးချိန် ၃၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ မာဂူရာ ၃ ကာမီကာဇေ သင်္ဘောဒရုန်းအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် မစ်ဆိုတာကီ နှင့် အစိုးရ အကြီးတန်း အရာရှိများက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရင်အပတ်က ရှင်းလင်း ပြောကြားခဲ့ကြောင်း CNNသတင်းဌာန က ဖော်ပြခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့က ကွန်ဖရင့်တစ်ခုတွင် ဒန်ဒီယက်စ် က စုံစမ်းစစ်ဆေးမှု အသေးစိတ်အား ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး ယူကရိန်းပင်လယ် ဒရုန်းကြောင့် ကြီးမားသော ထိခိုက်မှုဖြစ်စေနိုင်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ 

“ဒါဟာ အလွန်အန္တရာယ်များတဲ့ အရာတစ်ခုဆိုတာ သိသာထင်ရှားပါတယ်… နည်းနည်းလေးမှ သံသယဖြစ်စရာတော့ မရှိပါဘူး – ဒါက ယူကရိန်းရဲ့ ပင်လယ်ဒရုန်းတစ်စင်းပါပဲ။ ကျနော်ထပ်ပြောမယ်နော်၊ ယူကရိန်းရဲ့ ပင်လယ်ဒရုန်းပါ။ အဲ့ဒိဒရုန်းက အပျော်စီးသင်္ဘော ကို တိုက်ခိုက်လိုက်တယ်။ သင်္ဘော၂စီးလုံးရဲ့ အကြွင်းအကျန်တွေက ပင်လယ်ရေအောက်မှာ ရှိနေတုန်းပါပဲ” လို့ပြောသွားပါတယ်။ 

 ယူကရိန်းအနေနဲ့ ဂရိ ကို “တောင်းပန်မှု အကြီးကြီးလုပ်ပေးရမယ်။ ဒီလိုကိစ္စမျိုးကို နောက်တစ်ကြိမ် ထပ်မဖြစ်အောင် လုံးဝ အာမခံချက်ပေးရမယ်။ ဒါမှမဟုတ်ရင်တော့ ပြဿနာက အကြီးကြီး ဖြစ်သွားလိမ့်မယ်” လို့လည်း ဒန်ဒီယက်စ်က ဆိုပါတယ်။ 

ယူကရိန်းက ရုရှားနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ ပင်လယ်နက်နှင့် မြေထဲပင်လယ် ရှိ သင်္ဘောများကို တိုက်ခိုက်ရန် ပင်လယ်ဒရုန်းသင်္ဘောတွေကို လအတန်ကြာ အသုံးပြုခဲ့ပါတယ်။ ရုရှားနိုင်ငံက အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ၎င်းတို့အား အကြမ်းဖက်ဝါဒနှင့် ရေကြောင်းပင်လယ်ဓားပြမှုလို့ တံဆိပ်ကပ်ထားပါတယ်။ 

ရုရှား အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတဲ့ ယူကရိန်း ဒရုန်းလေယာဉ်များက  ဘောလ်တစ်နိုင်ငံတွေ နဲ့ ဖင်လန်တို့လို အခြားနိုင်ငံများရဲ့ ပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်မှုတွေ တိုးများလာနေကြောင်း မော်စကိုက ပြောကြားခဲ့ပါတယ်။  မကြာသေးမီရက်သတ္တပတ်များအတွင်း အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား နဲ့ ဖင်လန်တို့တွင် ယူကရိန်းဒရုန်းအများအပြား ပျက်ကျခဲ့ဖူးပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)