မေ - ၁၄ ( ကြာသပတေး နေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဒီကနေ့ ဘေဂျင်းမြို့တွေ့ဆုံဆွေးနွေးပွဲများ မတိုင်မီ လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် ၂၀၂၇ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အမေရိကန်သမ္မတတစ်ဦးရဲ့ တရုတ်နိုင်ငံကို လာရောက်မှု စာရင်းဝင်သွားပါတယ်။
တွေ့ဆုံဆွေးနွေးမှု အဖွင့်အမှာစကားတွင် ရှီက နှစ်နိုင်ငံသည် "ကွဲပြားမှုများထက် ဘုံအကျိုးစီးပွားများ ပိုမိုရရှိဖို့" ကို အမြဲတမ်းယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ "တည်ငြိမ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးက ကမ္ဘာအတွက် ကောင်းပါတယ်။ တရုတ်-အမေရိကန် နှစ်နိုင်ငံစလုံးဟာ တစ်ဖက်နဲ့ တစ်ဖက် အတိုက်အခံတွေ လုပ်နေမဲ့အစား ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ကောင်းပါတယ်။ ပြိုင်ဖက်တွေမဟုတ်ဘဲ မိတ်ဖက်တွေဖြစ်သင့်ပါတယ်။ အချင်းချင်း အောင်မြင်ပြီး ကြီးပွားတိုးတက်အောင် ကူညီသင့်ပါတယ်" လို့ ရှီက စကားပြန်မှတဆင့် ပြောကြားခဲ့ပါတယ်။
လာမယ့် ဇူလိုင်လမှာ ကျင်းပမယ့် အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ကိုလည်း တရုတ် ခေါင်းဆောင် က ချီးကျုး ခဲ့ပါတယ်။
သမ္မတ ထရမ့်ကတော့ ၎င်းရဲ့ ပထမဆုံးသမ္မတသက်တမ်းတုန်းကလည်း ရှီနှင့် ၎င်းရဲ့ ဆက်ဆံရေးကို အလွန်နှစ်သက်ကြောင်း ချီးကျူးခဲ့ပြီး “အခက်အခဲတွေကြုံလာတဲ့အခါ ပြေလည်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ကောင်းမွန်တဲ့ အနာဂတ်ကို အတူလက်တွဲပြီး လုပ်မှာပါ”လို့ ဆိုပါတယ်။ "ခင်ဗျားက ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ ကျနော်အဲ့လို့ပြောလို့ လူအချို့က မကြိုက်ကြဘူးဗျ။ ဒါပေမဲ့ ကျနော်ကတော့ ကျနော့်စကားတွေကို မှန်တယ်လို့ ယုံကြည်ပါတယ်” လို့ ဆက်ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် သူရဲ့လုပ်ဆောင်မှုတွေအပေါ် “ လေးစားမှု” ရှိကြောင်း “တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာမှာပါ”လို့ ထရမ့်က ပြောပါတယ်။
ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ထရမ့်က တရုတ်အစိုးရရဲ့ မဟာပြည်သူ့ခန်းမကြီး သို့ ရောက်ရှိခဲ့ပါတယ်။ သူ နဲ့ ရှီ တို့ အပြန်အလှန် နှုတ်ဆက်ကြပြီး ဆွေးနွေးပွဲမစမီ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ထို့နောက် ခေါင်းဆောင်များသည် တိုင်အာနန်မင် ရင်ပြင်တွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
Ref: RT
#News #MNP

No comments:
Post a Comment