နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အိပ်ဆောင်များနှင့် အဆောက်အအုံများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အိပ်ဆောင်များနှင့် အဆောက်အအုံများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော်  ၊ မေ ၁၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ တတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရန်အတွက် နေရာချထားမည့် အိပ်ဆောင်များနှင့်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြင်ပဧည့်သည်များထားရှိသည့်အဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ရှိသူများအား ရိပ်သာအတွင်းရှိ အခန်းများကို လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေစွာ နေထိုင်နိုင်ရေးနှင့် လိုအပ်မည့်အသုံးပစ္စည်းများ အဆင်သင့်ဖြစ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန်၊ လွှတ်တော်ကိုယ်စားလှယ်များ အနားယူအပန်းဖြေသည့် အခန်းများတွင် နေ့စဉ်ထုတ်သတင်းစာများထားရှိပေးရန်နှင့် ကိုယ်စားလှယ်များအား အထူးဂရုစိုက်ဝန်ဆောင်မှုပေးရန်၊ ပြင်ပဧည့်သည်များထားရှိသည့် ဧည့်ရိပ်သာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးလုံခြုံရေးစီမံချက်များရေးဆွဲထားရှိရန်၊ လုံခြုံရေးကိုလစ်ဟာမှုမရှိစေဘဲ အထူးဂရုစိုက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)