တိုင်းပြည်ကို ကိုယ်စားမပြုတဲ့ အဝေးရောက် အကြမ်းဖက်သမား ငမိုက်သား - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းပြည်ကို ကိုယ်စားမပြုတဲ့ အဝေးရောက် အကြမ်းဖက်သမား ငမိုက်သား

 


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို ပြောင်းလဲခန့်အပ်ထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းစာမျက်နှာတွေမှာ လက်သုံးချောင်းထောင် အဝေးရောက် အကြမ်းဖက်သမား ကျော်မိုးထွန်း က ကုလသမဂ္ဂမှာ မြန်မာပြည်ကို ကိုယ်စားပြုသယောင် ရေးသားဖြန့်ဝေနေကြတဲ့အတွက် ပြည်သူများအနေနဲ့ အထင်မြင် လွဲမှားနိုင်ပါတယ်။

ကျော်မိုးထွန်း ကို တချိန်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ထားခဲ့တာ မှန်ပါတယ်။ ကျော်မိုးထွန်း ဟာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ NLD ပါတီက ပြည်ဖျက်မိစ္ဆာတွေ ဖွဲ့စည်းတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသွားတဲ့အတွက်ကြောင့် သူ့ရဲ့တာဝန်တွေကို ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ပါတယ်။ 

လက်သုံးချောင်ထောင် အကြမ်းဖက်သမား ကျော်မိုးထွန်း ဟာ အခါအားလျော်စွာ ကုလသမဂ္ဂနဲ့ဆိုင်တဲ့ သတင်းတွေ ထုတ်ပြန်လေ့ ရှိပါတယ်။ ၂၂-၅-၂၀၂၆ ရက်နေ့က NUG အကြမ်းဖက်အဖွဲ့ရဲ့ facebook စာမျက်နှာမှာ "သတင်းအဖြစ်ထုတ်ပြန်ချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပဒီးပဒါးတွေ ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

အဝေးရောက် အကြမ်းဖက်သမား ကျော်မိုးထွန်း ရဲ့ ရေးသားထုတ်ပြန်ချက်မှာ "ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ “လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပဋိပက္ခအခြေအနေတစ်ခုတွင် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိနေခြင်းသည် အခြားပဋိပက္ခများတွင်  ပြစ်မှုကျူးလွန်သူများကို ပိုမိုအတင့်ရဲလာစေနိုင်၊ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းသည် နိုင်ငံတကာအာရုံစိုက်မှု အတိုင်းအတာမည်သို့ပင် ရှိစေကာမူ ပဋိပက္ခ အခြေအနေအားလုံး၌ အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးကို ထိန်းသိမ်း မြှင့်တင်ရန် တာဝန်ရှိ၊ အတွင်းရေးမှူးချုပ် ၏အစီရင်ခံစာတွင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရေးပစ်မှတ်၊ အရပ်သား ခွဲခြားမှု မရှိသည့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများနှင့် လယ်ယာမြေများအား မီးရှို့ဖျက်ဆီးမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများအပေါ် တိုက်ခိုက်မှုများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်နှောင့်ယှက်မှုများ စသည်တို့ကိုပါ ထည့်သွင်းဖော်ပြထား၊ ဤသို့ အခြေအနေ ပိုမိုဆိုးရွားလာနေမှုကို ထောက်ရှု၍ မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား ထိရောက်စွာနှင့် ရေရှည်တည်တံ့စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးဆောင်ရွက်မှုများ ချမှတ်ရေး၊ ပြစ်မှုကျူးလွန်သူများအပေါ် တာဝန်ခံမှုဆိုင်ရာ ယန္တရားများ ပိုမိုခိုင်မာ အားကောင်းစေရေး၊ ပဋိပက္ခ၏ အရင်းခံအကြောင်းတရားကို ဖြေရှင်းနိုင်ရေးကို ဆောင်ရွက်နိုင်" ဆိုတာမျိုးတွေ ရေးသားထုတ်ပြန်ထားပါတယ်။

ကျော်မိုးထွန်း လို ပညာတတ်တစ်ယောက် အခုလောက်အထိ ယုတ်မာအောက်တန်းကျလိမ့်မယ်လို့ ဘယ်သူမှ တွေးထားမှာ မဟုတ်ဘူး။ ပညာတတ် တစ်ယောက်က မဟုတ်တန်းတရားတွေ စီကာပတ်ကုံးပြောဆိုပြီး အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ခိုလှုံနေတဲ့ ကျော်မိုးထွန်း က ပြည်တွင်းမှာ ဖြစ်နေသမျှ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်လို့ တပ်မတော်ကချည်း ကျူးလွန်နေတဲ့ ပြစ်မှုများအဖြစ် ဖော်ကျူးနေတာကို တွေ့ရပါတယ်။ တပ်မတော်အနေနဲ့က တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက ပြည်သူလူထုအပေါ် အလွန်အမင်း ယုတ်မာနေတဲ့ လုပ်ရပ်တွေကို ယနေ့အချိန်ထိအောင် မတားဆီးနိုင်သေးပါဘူး။

NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ခဲ့ကြတယ်။ မြို့ရွာတွေကို ဖျက်ဆီးခဲ့ကြတယ်။ လမ်းတံတားတွေကို ဖျက်ဆီးခဲ့ကြတယ်။ ကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂလိုနေရာမျိုးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောချင်တာဆိုရင် NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။

တိုင်းဖျက် ပြည်ဖျက် လုပ်နေတာက ကျော်မိုးထွန်း ကိုယ်တိုင်ပါဝင်တဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက လုပ်ဆောင်နေခြင်းဖြစ်ပြီးတော့ ပြည်သူလူထု အတိဒုက္ခရောက်အောင် လုပ်နေတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကောင်က မြန်မာပြည်တွင်းမှာ ဖြစ်နေသမျှ စစ်ရေးပဋိပက္ခများနဲ့ ပတ်သက်လို့ တပ်မတော်အပေါ်ကိုသာ ဖိအားပေးဖို့ ပြောဆိုနေတာက အောက်တန်းစားဆန်လွန်းပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ အချင်းချင်း တူညီတဲ့ သဘောထားမျိုး ရှိနေရင်တောင် ကျော်မိုးထွန်း အနေနဲ့က ပညာရှိဆန်ဆန် ကိုယ့်အမှား၊ သူ့အမှား ကမ္ဘာ့နိုင်ငံများက သိအောင် ပြောရမယ် မဟုတ်ပါလား။ အခုတော့ အချိန်နဲ့အမျှ တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး မဟုတ်တန်းတရားတွေ တလစပ်ပြောနေတာကြီးက ယုတ်ပေါက်လွန်းပါတယ်။

ကျော်မိုးထွန်းရဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်အတွင်း မြေပြင်ပကတိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ရာနှုန်းပြည့် ကင်းကွာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ပေါက်ပန်းစေး ပြောဖို့ ဆိုတာက ပြည်ဖျက်မီဒီယာတွေက မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေခြင်း သဘောဖြစ်ပါတယ်။

မြေပြင်ပကတိ အခြေအနေမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေ ရဲ့ ဖျက်ဆီးမှုတွေကို သူတို့ ပြောတဲ့ အကြမ်းဖက်စစ်တပ်က အချိန်နဲ့တပြေးညီ ပြုပြင်ရတယ်။ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်ပေးနေရတယ်။ 

ချင်းပြည်နယ်ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ကာလရှည်ကြာ အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ဒေသခံပြည်သူများမှာ အကြမ်းဖက်အဖွဲ့ထဲ အတင်းအဓမ္မခေါ်ဆောင်ခြင်း ခံရတာမျိုးတွေရှိတယ်။ အကြမ်းဖက်သမားများအဖြစ် မဝင်မနေရ ဖိအားပေးခံရတာတွေ ရှိတယ်။ မြို့ရွာတွေထဲမှာ ဝင်ရောက် အခြေပြုလှုပ်ရှားတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ဆေးရုံ၊ စာသင်ကျောင်းတွေကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုသွားကြတယ်။ ဘာသာရေးအဆောက်အအုံတွေကိုလည်း ဖျက်ဆီးသွားကြတယ်။

ယခုတပ်မတော်က အဲဒီအကြမ်းဖက်အဖွဲ့တွေကို ရှင်းထုတ်နိုင်တော့မှသာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ဖို့ ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးနေရတယ်။ အကြမ်းဖက်သမားတွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် ပြည်သူတွေ အတိဒုက္ခမရောက်အောင် လုပ်ဆောင်ပေးနေကြရတယ်။

မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း - မိုးကုတ် လမ်းကြောင်းမှာလည်း အကြမ်းဖက်သမားတွေ အခြေပြုလှုပ်ရှားစဉ်က ဒေသခံပြည်သူတွေ အေးချမ်းစွာမနေနိုင်ဘဲ ထွက်ပြေးခဲ့ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ တပ်မတော် စစ်ကြောင်းများက ရှင်းလင်းပြီးမှသာ ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားတဲ့ အခြေအနေက ကွာခြားလွန်းလှပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်တွေက တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သူတို့ ပြောတဲ့ အကြမ်းဖက်စစ်တပ်က ယုတ်မာနေတာလား၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG ရဲ့ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက ယုတ်မာရိုင်းစိုင်းနေတာလား သိသာစေပါတယ်။

ပြည်ပြေး ဝရမ်းပြေး အဝေးရောက် အကြမ်းဖက်သမား ကျော်မိုးထွန်း ကတော့ မြေပြင်ပကတိအမှန်တရားကို ဖုံးကွယ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အထင်လွဲအမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ လူယုတ်မာတစ်ယောက်ဖြစ်ကြောင်းကို သူ့ရဲ့ ထုတ်ပြန်ချက်တွေက သက်သေခံလျက်ရှိပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)