ရန်ကုန်၊ မေ ၂၃
အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းထုတ်ကုန်ပြပွဲနှင့် မိုးရာသီဈေးရောင်းပွဲတော် New MSME EXPO 2026 ပြပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ MSME လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းထုတ်ကုန်ပြပွဲနှင့် မိုးရာသီဈေးရောင်းပွဲတော်ကြီး ဖြစ်မြောက်ရေးအတွက် အဓိက ဦးဆောင်ပေးခဲ့သည့် အသင်းဥက္ကဌ ဦးရဲမင်းအောင် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင် နှင့် ဧည့်သည်တော်များသည် ပြပွဲအတွင်းရှိ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
#MNP #News






No comments:
Post a Comment