ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ၂၀၂၆ ခုနှစ် မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ၂၀၂၆ ခုနှစ် မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဆင်းပွဲကျင်းပ







ပြည်၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ၂၀၂၆ ခုနှစ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ပြည်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က သင်တန်းဆင်း အမှာစကားများ ပြောကြားသည်။ ယင်းနောက်ပြည်မြို့ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများအဖွဲ့က ပျူအကအလှဖြင့် ဧည့်ခံဖျော်ဖြေကြပြီး ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၂၂ ရက်အထိ သင်တန်းကာလတစ်လကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ပြည်ခရိုင်အတွင်း မြို့နယ်(၄)ခုမှ အခြေခံပညာ မူလတန်းဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း ၃၀၀ ဦးတက်ရောက်ကာ သင်တန်းတွင် ပြည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနမှ သင်တန်းနည်းပြဆရာ၊ဆရာမ (၁၃)ဦးက အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာများကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမ များအား အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ အရေး၊ အပြော၊ အဖတ်နှင့် နားထောင်ခြင်း (4 Skills) ပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်ရည်ရွယ်ချက်ဖြင့် သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဝဏ္ဏထွန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)