ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse နှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse နှင့် တွေ့ဆုံ



ဗန်ကောက်၊ မေ ၂၃

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ ၁၅:၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက အာဆီယံထုတ်ပြန်ချက် (၅) ရပ် ဖြစ်ပေါ်လာမှု ဖြစ်ရပ်အမှန်၊ အာဆီယံဘက်မှ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများအပေါ် အခြေခံ ချိန်ညှိသည့် ရပ်တည်ချက်ဖြင့် မြန်မာရွေးကောက်ခံအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူများဘက်မှ လက်ရှိ အာဆီယံ၏ သဘောထားအပေါ် တုံ့ပြန်ချက်ရှိနေမှု အခြေအနေ များ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး အရေးကြီးမှုနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ကို ပိုမိုတိုးတက်မြင့်မားရေး ဆောင်ရွက်သွားရန်၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်တို့အတွက် အလေးထားဆွေးနွေးပြောကြားခဲ့သည်။ 

ထိုင်း အာဆီယံ ရေးရာ ခေတ္တညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse မှ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများအကြား တိုင်ပင် ဆွေးနွေးနေမှုများ အသိပေးပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အာဆီယံအကြား ထိတွေ့ ဆက်ဆံမှုများအတွက် ဆက်လက်၍ စေ့စပ်ညှိနှိုင်းလျက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)