ဟင်္သာတမြို့တွင် "မီးခိုးမြူငွေ့အန္တရာယ် လျှော့ချခြင်းနှင့် အပြာရောင် ကောင်းကင်ဆီသို့" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့တွင် "မီးခိုးမြူငွေ့အန္တရာယ် လျှော့ချခြင်းနှင့် အပြာရောင် ကောင်းကင်ဆီသို့" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကျင်းပ


Uploading: 371712 of 2472249 bytes uploaded.

ဟင်္သာတ  ၊ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် "မီးခိုးမြူငွေ့အန္တရာယ် လျှော့ချခြင်းနှင့် အပြာရောင်ကောင်းကင်ဆီသို့" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။ရှေးဦးစွာ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာ စကား ပြောကြားရာတွင် "ဒီမိုကရေစီစနစ်ရဲ့အင်္ဂါရပ်နှင့်အညီ အစိုးရတာဝန်ရှိသူများနှင့် ပြည်သူများ အကြား ဆွေးနွေးတိုင်ပင်နိုင်သည့် အခွင့်အလမ်းကို ဖော်ဆောင်ပေးခြင်းဖြင့် မိမိရပ်ရွာဒေသ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းကိစ္စမဆို အစိုးရနှင့်အတူ ပြည်သူအတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ မီးခိုးမြူငွေ့အန္တရာယ်သည် တောင်ပေါ်ဒေသများတွင် အများဆုံးဖြစ်ပေါ်ခံစားရပြီး ပြည်မတွင်မူ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်နိုင်ဖွယ် ရာများရှိသည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးစေခြင်း၊ တောမီးလောင်ခြင်း၊ ပေါ့ဆမီးနှင့် စွန့်ပစ်အမှိုက်များကို မဆင်မခြင် မီးရှို့မှုများကြောင့် မီးလောင်မှုများဖြစ်ပေါ်က လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို နောက်ကျစေသည့်အပြင် မြို့ပြသန့်ရှင်းသာယာမှုကိုပါ ထိခိုက်စေကြောင်း၊ ယနေ့ဆွေးနွေးပွဲမှာ ထွက်ပေါ်လာမည့် ရလဒ်များအပေါ် တက်ရောက်လာသည့် ပြည်သူတစ်ဦးချင်းစီက အသိသတိရှိစွာဖြင့် ပြုမူဆောင်ရွက်ကြမည်ဆိုပါက ပြည်သူလူထုဘဝ ဘေးကင်းလုံခြုံပြီး လူနေမှုဘဝမြှင့်တင်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း" ပြောကြား ခဲ့ပါသည်။

ထို့နောက် အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ခရိုင်ပြန်/ဆက် ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ပြည်သူ့စကားဝိုင်း (Public Talk)အား ဦးဆောင်ဆွေးနွေးရာ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက ဌာန၏ မူဝါဒနှင့် လုပ်ငန်းစဥ်များ၊ မီးခိုးမြူငွေ့ ဖြစ်ပေါ်လာပုံနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာများကို ဆွေးနွေးပါသည်။ ဆက်လက်၍ မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဥက္ကာက သဘာဝဘေးကြောင့်ဖြစ်ပေါ်လာသည့် အန္တရာယ်များတွင် တောမီးလောင်ခြင်းလည်းပါဝင်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်စုဖွဲ့ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ အသိပညာပေးလုပ်ငန်းများနှင့် သင်တန်းများဖွင့်လှစ်နေမှုအပြင် မီးခိုးမြူငွေ့ လျှော့ချရန်အတွက် စွန့်ပစ်အမှိုက်များကို မဆင်မခြင် မီးရှို့ခြင်းမပြုလုပ်ဘဲ မီးဘေးအန္တရာယ်မဖြစ်ရလေအောင် ပြည်သူလူထုက လိုက်နာရမည့်အချက်များကို ဆွေးနွေးပါသည်။ ထို့နောက် မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်သက်သက်လွင်က ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ စွန့်ပစ်အမှိုက်များကြောင့် လေထုညစ်ညမ်းမှုများမဖြစ်စေရန် ပြည်သူလူဘက်က လိုက်နာ ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ကျန်းမာရေးရှုထောင့်မှနေ၍ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် PM 2.5 မှ PM 10 အထိ ဖြစ်ပေါ်လာပုံ၊ ကျန်းမာရေး အတွက် ဆိုးကျိုးများနှင့် နောက်ဆက်တွဲရောဂါဝေဒနာများ၊ ကာကွယ်ကုသနိုင်ရေးနည်းလမ်းများကို လည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူထက်က  Fire Hotspot ဖြစ်ပေါ်မှု၊ လေထုညစ်ညမ်းမှုကို တိုင်းတာသည့် AQI(Air Quality Index)၏ တန်ဖိုးတိုင်းတာမှုစနစ်များနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ လေထုညစ်ညမ်းမှု လျှော့ချခြင်းအတွက် ပြည်သူတစ်ဦးချင်းစီ က ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဆွေးနွေးပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက Fire  Hotspot ဒေတာအသုံးပြုခြင်းကြောင့် အကျိုးရှိပုံ၊ အဓိကဆောင်ရွက်ရမည့် နည်းလမ်းများမှ စည်းကမ်းရှိခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများက သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ပျက်ဆီးနိုင် ပုံ၊ လူမှုဘဝဖွံ့ဖြိုးမှုကို နိမ့်ကျစေသည့် ပေါ့ဆမှုများကို ပြုပြင်ရန်နှင့် တောင်သူလယ်သမားအများစု ဖြစ်သည့် တိုင်းဒေသကြီး ဖြစ်သည့်အတွက် စိုက်စနစ်တွေပြောင်းလဲခြင်းနှင့်အတူ စွန့်ပစ်အမှိုက် များအား ဓါတ်မြေသြဇာသုံးစွဲမှု လျှော့ချနိုင်သည့် စိုက်ပျိုးရေး မြေဆွေးအဖြစ် ပြန်လည် အသုံးချခြင်းဖြင့် မီးခိုးရောင်မှိုင်းနေသော ကောင်းကင်သည် အပြာရောင်ကောင်းကင်အဖြစ် ပြန်လည်ရရှိနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)