မူဆယ် ၊ မေ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်း လမ်းသွယ် (၃၊ ၈၊ ၉) ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၂ နာရီက လမ်းသွယ်(၈)မုခ်ဦးတွင် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်တောင်နှင့် တာဝန်ရှိသူများက တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးရဲထွဋ်က လမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်တောင်က အလှူရှင် ရပ်မိရပ်ဖများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များမှ လမ်းသစ်တလျှောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါလမ်းသွယ် (၃၊ ၈၊ ၉) တို့မှာ စုစုပေါင်း အရှည် ၂၆၀၈ ပေ၊ အကျယ် ၁၆ ပေ၊ အထူ ၈ လက်မ ဖြစ်ကာ စုစုပေါင်း ကုန်ကျစရိတ် ကျပ်သိန်း ၃ ထောင်ကျော်ဖြစ်ပြီး၊ အလှူရှင်ပြည်သူလူထု၏ စုပေါင်းထည့်ဝင်ငွေဖြင့် ယခင်ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနိုင်ခဲ့ကာ ယနေ့တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment