ပခုက္ကူ ၊ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးမောင်မောင်ဦးက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုး ရေးစရိတ်ချေးငွေများ ထုတ်ချေးမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ တောင်သူများ ချေးငွေပြန်လည်ပေးရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအကြောင်း ရှင်လးင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက ပခုက္ကူမြို့နယ် တင်းဂါတ်ကျေးရွာအုပ်စု၊ တင်းဂါတ်ကျေးရွာရှိ ဒေသခံတောင်သူ (၁၆)ဦး၏ လယ်(၁၀၉) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းမိုးရာသီ စိုက်ပျိုးရေးစရိတ်ငွေ ကျပ် ၂၇၂၅၀၀၀၀ ကို တောင်သူများလက်ဝယ်အရောက် ထခုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment