တာမွေ၊ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာ့ဆက်သွယ်ရေးဌာနနှင့် သက်ဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်သော ဆက်သွယ်ရေးလိုင်းကြိုးများအား စနစ်တကျဖြစ်စေရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ဝင်း၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန်ထမ်းများက လူသွားစင်္ကြန်တစ်လျှောက် တွဲလောင်းကျနေသော အမြင်မတင့်တယ်သည့် ဆက်သွယ်ရေးလိုင်းကြိုးဟောင်းများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ယာဉ်များသွားလာရာ လမ်းမကြီးများတစ်လျှောက် ကန့်လန့်ဖြတ် လျော့တွဲကျနေပြီး မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်သည့် ဆက်သွယ်ရေးလိုင်းကြိုးများအား ကြိုးတင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ထက်တံခွန် (တာမွေ)
#MNP #News





No comments:
Post a Comment