ပေါင် ၊ မေ ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပန်းပိတောက်၊ ခရေ၊ ကံ့ကော်၊ စိန်ပန်းကြီး၊ စိန်တချူ၊ စိန်ပန်းပု၊ ဗန်ဒါ၊ ပင်လယ်ကဗွီး၊ ပျဉ်းမ၊ မန်ဂျန်ရှား စသည့် ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်ကို နည်းလမ်း(၉)သွယ်ဖြင့် ဖြန့်ဝေစိုက်ပျိုးသွားရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေး ဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားစေလိုကြောင်း ပေါင်မြို့နယ်တာဝန်ခံ တောအုပ်ကြီးဦးဇော်လွင်ဦး၏ ပြောကြားချက်အရ သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment