ကျိုက်ထိုမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းများ "မေတ္တာဆုံမှတ်"တွေ့ဆုံပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းများ "မေတ္တာဆုံမှတ်"တွေ့ဆုံပွဲ အခမ်းအနားကျင်းပ






ကျိုက်ထို၊ မေ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းများ "မေတ္တာဆုံမှတ်" တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကံ့‌ကော်ရပ်ကွက်၊ မေတ္တာဝါဒီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မွန်ပြည်နယ်ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်ဦးမင်း‌အောင်ထူးတို့က အဖွင့်အမှာစကားပြောကြားပြီး ကြက်ခြေ‌နီအသင်းဥက္ကဋ္ဌ ဦးလှထွန်းက ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းများ "မေတ္တာဆုံမှတ်"တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍အခမ်းအနားကိုကျင်းပရာ သိမ်ဇရပ်မြို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်မှကြက်ခြေနီတပ်ဖွဲ့ဟောင်းတစ်ဦးတို့က "မေတ္တာဆုံမှတ်"တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ပေးသည့်အတွက် ဝမ်းမြောက်စကားများပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများလဲလှယ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့  မွန်ပြည်နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်ထူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်‌အောင်၊ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ ကြောင်းသိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)