ဥရောပသားတွေက အမေရိကန်ပေါ်ကို မမှီခိုချင်တော့ဘူးလို့ စစ်တမ်းတစ်ခုက ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥရောပသားတွေက အမေရိကန်ပေါ်ကို မမှီခိုချင်တော့ဘူးလို့ စစ်တမ်းတစ်ခုက ဆို


မေ - ၈ ( သောကြာနေ့ ) 

ဂျာမနီအခြေစိုက် သုတေသနဖောင်ဒေးရှင်း ဘာတယ်စ်မန်းစတစ်ဖ်တန် က ပြုစုတဲ့ လေ့လာမှု အသစ်တစ်ခုအရ ဥရောပသမဂ္ဂ ( အီးယူ) နဲ့ ယူကေတွင် နေထိုင်သူ ၇၀% ခန့်က အမေရိကန်အပေါ်  မှီခိုနေရတာကို မလိုချင်တော့ဘဲ ပိုမိုလွတ်လပ်မှုကို လိုချင်ကြပြီး ဥရောပသည် "မိမိလမ်းကြောင်းအတိုင်း သွားရန်အချိန်ရောက်ပြီ" လို့ ယုံကြည်နေကြပါတယ်။ 

စစ်တမ်းကောက်ယူမှုအရ အီးယူတစ်ဝှမ်းရှိ ဖြေဆိုသူ ၇၃ % သည် အမေရိကန်နဲ့ မပတ်သက်လိုကြတော့ ဘူးလို့ ဖြေဆိုကြပြီး ယူကေမှ ဖြေဆိုသူများကလည်း အမေရိကန်ရဲ့ ချုပ်နှောင်မှုမှ လွတ်မြောက်လိုတဲ့ အလားတူဆန္ဒကို ဖော်ပြခဲ့ကြတာက ၆၇ % ရှိပါတယ်။ 

အဲ့ဒိသဘောထားတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဥရောပမှာ ကြီးထွားလာနေပြီး ၂၀၂၄ လောက်မှာ ၆၄ % လောက်အထိ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်အပေါ် မယုံကြည်မှုအဆင့်မှာလည်း တိုးလာနေပြီး အမေရိကန်က ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်လို့ထောက်ခံတဲ့ ရာခိုင်နှုန်းက မနှစ်က ၄၆ % ရှိရာ ဒီနှစ်တော့  ၄၂ % ပဲ ရှိပါတော့တယ်။ 

ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့တဲ့ အဆိုပါစစ်တမ်းက အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှ ဖြေဆိုသူ ၁၈၀၀၀ နဲ့ ယူကေတွင် နေထိုင်သူ ၂၀၀၀ အားမေးမြန်းပြီး နမူနာထင်မြင်ယူဆချက်များကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ စစ်တမ်းများကို အသက် ၁၈ နှစ်မှ ၆၉ နှစ်ကြားရှိ လူများကို ယခုနှစ် မတ်လတွင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အီးယူ နိုင်ငံရေးသမားများက နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးအရ အမေရိကန်နဲ့ လက်မတွဲတော့ဖို့အတွက် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယမန်နှစ်အစောပိုင်းက ဒုတိယအကြိမ်အဖြစ် ရာထူးတက်လာပြီးနောက် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုမှုများ မြင့်တက်လာခဲ့ပါတယ်။ 

ထရမ့်ကလည်း သမ္မတရာထူး ဆက်ခံပြီး တစ်နှစ်ကျော်အတွင်းတွင် ၎င်းရဲ့ ဥရောပမဟာမိတ်များနဲ့ ထပ်ခါတလဲလဲ အပြိုင်အဆိုင် လုပ်ဆောင်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲများလုပ်ခြင်း၊ ယူကရိန်းပဋိပက္ခတွင် ကွဲပြားသောချဉ်းကပ်မှု၊ ဒိန်းမတ်ပိုင် ဂရင်းလန်းကို သိမ်းပိုက်ရန် ခြိမ်းခြောက်မှုများ လုပ်ကာ ဥရောပနိုင်ငံတွေနဲ့ အတိုက်အခံ လုပ်ခဲ့ပါတယ်။ 

ဥရောပမဟာမိတ်များ မထောက်ခံတဲ့ အီရန်အပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ထို့အပြင် အရှေ့အလယ်ပိုင်းတွင် ရန်လိုမှုများကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုက တစ်ကမ္ဘာလုံး အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ယင်းပြဿနာကြောင့် ဥရောပနိုင်ငံများစွာ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ 


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)