နေပြည်တော်၊ မေ ၂၂
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာ နယ်မြေများအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင် ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်း ယနေ့ လင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇၈၀၀ ခန့်အကွာ လွယ်စတုံကျေးရွာအုပ်စု၊ ပန်စလိကျေးရွာရှိ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရား မဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၃ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြု သည့် All In One ကွန်ပျူတာ ၃၂ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၃၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော် သလေးကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၁၈၀၀ ခန့်အကွာသို့အရောက်၌ (၂)ထပ်တိုက်အဆောက်အအုံ ၁ လုံး အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြု သည့် All In One ကွန်ပျူတာ ၄ လုံး၊ Monitor ၁၄ လုံး၊ CPU ၂၀ လုံးနှင့် ဖုန်းမျိုးစုံ ၄၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့ သည့် တရားမဝင်ပြည်ပနိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီး ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News




No comments:
Post a Comment